Uni
💗ခါးသက်သောအမုန်း💗
💗အပိုင်း ၆💗
လက်ထပ်ခြင်း ဟူသော ခေါင်းစဥ်တစ်ခုနှင့် အတူ ညီ နှင့် ဝိုင် လက်ထပ်ခဲ့ကြလေပြီ။ တစ်ယောက်က အချစ်တွေနှင့် လက်တစ်စုံကို ကမ်းပေးခဲ့သော်လည်း တစ်ယောက်ကတော့ အမုန်းတွေဖြင့် ခါးခါးသီးသီး ဖြစ်ခဲ့ရလေသည်။
ဝိုင်အတွက်တော့ သူ့ကို ပိုင်ဆိုင်ခွင့် ရလိုက်သည့် ဆိုသည့် အသိနှင့်ပင် ကျေနပ်နေရပါပြီ။ ဝိုင် နှလုံးသား၊ ဝိုင်အချစ် အရာရာအားလုံး ညီလင်းကိုကို ဆိုသော လူတစ်ယောက်ကိုသာ အပိုင်ပေးပြီးသားမို့ ဝိုင်ရဲ့ အနာဂါတ် နေ့ရက်တွေ အားလုံးက လှပနေတော့မည်က မလွှဲဧကန်ပင် ဖြစ်သည်။
"ဒီလင်ဒီမယား အိုအောင်မင်းအောင် ပေါင်းနိုင်ကြပါစေကွယ်"
ဦးနေနိုင် နှင့် ဦးရဲကျော်၏ ဆုတောင်းသံနှင့် အတူ ဝိုင် နှင့် သူ နှစ်ဖက်မိဘတွေကို ကန်တော့ကြလေသည်။
ပြုံးပျော်နေသော သူမ မျက်နှာကို မြင်နေရသည့်က သူ့အတွက် စိတ်ပျက်စရာတစ်ခု ဖြစ်နေလေသည်။ ချစ်သူကို ကာကွယ်ချင်သည့် စိတ်တစ်ခုနှင့် မချစ်မနှစ်သက်သူကို လက်ထပ်ခဲ့ရသည့်က ခံပြင်းစရာတစ်ခု ဖြစ်နေလေသည်။ မြေနိမ့်ရာကို လှံစိုက်ချင်သည့် သူဌေးတွေကိုလည်း ညီလင်း အတော်မှ ရွံ့မုန်းခဲ့မိလေသည်။
"မုန်းပါရစေ နှင်းဆီဝိုင်၊ မင်း အသက်ရှင်နေသ၍ ငါ့အမုန်းတွေကို မင်း သေတဲ့နေ့အထိ ခံစားစေရမယ် နှင်းဆီဝိုင်"
မုန်းသည်။ ထိုအမုန်းက နှင်းဆီဝိုင် ဆိုသော သူမ အပေါ် ခါးသက်နေသော အမုန်းများပင် ဖြစ်သည်။
အသက်ရှင်နေသ၍ပေါ့။ ကျွန်တော် သူမကို မုန်းပါရစေ။
💗💗💗မင်္ဂလာအိပ်ခန်းကို ကြည့်ပြီး ဝိုင် ရင်တွေခုန်လိုက်တာ အရမ်းပဲ။ မင်္ဂလာဦးညတဲ့။ အနီရောင်လွှမ်းသော မွေ့ယာကြီးပေါ်မှာ အဖြူရောင် နှင်းဆီပန်းတွေ ပြန့်ကျဲနေပြီး အခန်းတစ်ခုလုံးလည်း အဖြူရောင် နှင်းဆီတွေက လှပစွာ ခြယ်သထားလေသည်။ မင်္ဂလာအိပ်ယာ ကုတင်ကို ငေးကြည့်ရင်း နှစ်ခြိုက်စွာ ပြုံးလိုက်မိလေသည်။ ဒီကနေ့တော့ သူမချစ်ရပါသော သူ့ကို ပိုင်ဆိုင်ခွင့် ရခဲ့ပြီပေါ့။ ရင်ခုန်ခြင်း အပိုင်းအစ တစ်ခုနှင့် အတူ ညစ်နွမ်းနေသည့် ခန္ဓာကိုယ်ကို ရေအေးဖြင့် ဆေးကျောသန့်စင်လိုက်လေသည်။
![](https://img.wattpad.com/cover/351735584-288-k637060.jpg)
YOU ARE READING
ခါးသက်သောအမုန်း
Romanceဘဝမှာ အမုန်းဆုံး မိန်းမကို ပြောပါ ပြပါဆို နှင်းဆီဝိုင် ဆိုတဲ့ သူမက ထိပ်ဆုံးက ပါဝင်နေတယ် "ညီလင်းကိုကို"