uni
💗ခါးသက်သောအမုန်း💗
💗အပိုင်း ၄💗
"ဟေ့ တို့နဲ့ သူငယ်ချင်လုပ်မလား"
စာရေးနေစဥ် ခပ်စွာစွာ အသံလေးတစ်ခု နားထဲတိုးဝင်လာသဖြင့် ညီလင်း မော့ကြည့်လိုက်မိလေသည်။
အော် လက်စသတ်တော့ အိမ်ကြီးရှင် သူဌေး ဦးနေနိုင်၏ သမီး နှင်းဆီဝိုင် ဖြစ်နေလေသည်။ ညီလင်း နှာခေါင်းကို ရှုံ့လိုက်ပြီး
"ငါတော့ မင်းနဲ့ သူငယ်ချင်း ဖြစ်ဖို့ စိတ်ကူး မရှိဘူး နှင်းဆီဝိုင်"
ဝိုင် စူပုတ်ပုတ် မျက်နှာလေးဖြင့် သူ့ စာရေးခုံနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး
"အကျင့်ကလဲ ပုတ်လိုက်တာ၊ သူက ခင်ဖို့ကောင်းရဲ့နဲ့ စိတ်ပုတ်ပဲ"
"မင်း ဘာပြောတယ်"
ညီလင်း၏ ဒေါသမျက်ဝန်းတောက်တောက် တစ်စုံက သူမထံရောက်ရှိလာကာ မေးခွန်းထုတ်လိုက်လေတော့ ဝိုင် နှုတ်ခမ်းပါးလေးတွေ တွန့်ရုံပြုံးလိုက်ပြီး
"ဟုတ်တယ်လေ သူငယ်ချင်း ဖြစ်ချင်ပါတယ်ဆို ရှင်က မချေမငံပြောတော့လည်း ကျွန်မက ပြန်ပြောရတာပေါ့"
"မင်း အဲ့လိုပြောရအောင် ငါ မင်းထက်အငယ်မဟုတ်ဘူးဆိုတာ နားလည်"
"အဟင့် ရှင့်ကလေ ချစ်ဖို့ကောင်းရဲ့နဲ့ ဆိုးချင်နေတယ်"
"နှင်းဆီဝိုင်"
စူးရှကျယ်လောင်စွာ ထွက်ပေါ်လာသော သူ့စကားအဆုံးတွင် သူ သူမကို ပြောလိုက်သည့်က
"မင်း ဒီအခန်းထဲက ထွက်သွားရင် ကောင်းမယ် နှင်းဆီဝိုင်"
"ဟင် ဘာလို့လဲ ကျွန်မအိမ်ကျွန်မနေတာ ရှင် အမိန့်ပေးပိုင်ခွင့် မရှိဘူး ထင်တယ်"
ဝိုင် စကားကြောင့် သူ့ နှုတ်ခမ်းကို မဲ့လိုက်ပြီး
"ဟုတ်ပါတယ် ဒီနေရာ ဒီအိမ်က မင်းပိုင်တဲ့ နေရာပါ၊ ငါ့ဆိုတဲ့ ကောင်က ပြောပိုင်ခွင့်မှ မရှိတာ၊ မင်းမသွားချင် ငါ့ သွားမယ်"
"ဟာ ဟိတ် ညီလင်းကိုကို"
စကားအဆုံးတွင် အခန်းထဲမှ ခြေလှမ်းကျဲများဖြင့် ထွက်သွားသော ညီ ကို ကြည့်ကာ စိတ်အလိုမကျမှု များစွာဖြင့် သူမ ကျန်ရစ်ခဲ့ရလေသည်။
💕💕💕
YOU ARE READING
ခါးသက်သောအမုန်း
Romanceဘဝမှာ အမုန်းဆုံး မိန်းမကို ပြောပါ ပြပါဆို နှင်းဆီဝိုင် ဆိုတဲ့ သူမက ထိပ်ဆုံးက ပါဝင်နေတယ် "ညီလင်းကိုကို"