11 U/Z

1K 43 5
                                    

Uni

💗ခါးသက်သောအမုန်း💗

💗အပိုင်း ၁၁💗

နှင်းဆီဝိုင် ဆိုသည့် မိန်းမတစ်ယောက်က သူဌေးသမီးတစ်ယောက်ရဲ့ ဘဝမှာ အချိန်ကြာမြင့်စွာ နေခဲ့ပြီပြီ ဖြစ်သည်။ ထိုကြောင့် ဆင်းရဲသော ဘဝမှာ နေရမည် ဆိုလျှင်လည်း အသားကျအောင် နေရအောင်သာ ရှိတော့သည်။ သူမ ပညာအရည်အချင်းနှင့် သင့်တော်မည် အလုပ်တစ်ခုကို အရင်ရှာရမည်။ လူ ၃ဦးနှင့် ကလေးတစ်ယောက်ရဲ့ စားဝတ်နေရေးပြေလည်ဖို့က နှင်းဆီဝိုင်၏ တာဝန်သာ ဖြစ်ခဲ့လေပြီ။

ဝိုင် သမီးကို မူကြိုကျောင်းပို့ပြီး အလုပ်ထွက်ရှာရလေသည်။  တစ်မနက်သာ ကုန်သွားသည် တစ်နေရာဝင် တစ်နေရာထွက် အလုပ်ရှာသောလည်း ဘယ်မှာမှ မတွေ့ခဲ့ပေ။ စိတ်ပျက်စွာ bus ကားမှတ်တိုင်ရှိ ခုံတန်းလေးမှာ ထိုင်ချလိုက်မိလေသည်။ အဟက် ရယ်စရာတော့ ကောင်းသား။ ဟိုအရင်က ကိုယ်ပိုင်ဇိမ်ခံကားကို ဇိမ်ရှိရှိစီးတတ်သော သူမက အခုတော့ Bus ကားတိုးစီးရမည် ဆိုတော့ အများအမြင်မှာ ရယ်စရာဖြစ်နေလေသည်။

ပင်မြင့်စံ သူဌေးသမီးဘဝကို မလွမ်းချင်တော့ပါဘူး။  အတိတ်ကို အတိတ်မှာ ထားခဲ့ဆိုသည့် စကားအတိုင်း ဝိုင် ဘဝရဲ့ အတိတ်တွေအားလုံးကို ဝိုင် မေ့နိုင်အောင် ကြိုးစားရပေဦးမည်။

"ဝိုင် ဝိုင် မဟုတ်လား"

ဝိုင် ရှိရာ ခုံတန်းလေးရှေ့တွင် ထိုးရပ်လာသော ကားတစ်စီးနှင့် အတူ ဝိုင် အမည်အား ခေါ်သံကြောင့် ဝိုင် ကြည့်လိုက်မိလေသည်။ သူက အခြားသူမဟုတ် ဇွဲမာန် ဖြစ်နေလေသည်။

"ဝိုင်"

ဇွဲမာန် ဝိုင်ကို တွေ့လိုက်ရလေတော့ ကားပေါ်မှ ဆင်းကာ ဝိုင် ရှိရာလျှောက်လာခဲ့လေသည်။  bus ကားမှတ်တိုင်မှာ bus ကားစောင့်နေသော ဝိုင်ကို တွေ့ရတော့ ဇွဲမာန် အထူးအဆန်းဖြစ်နေလေသည်။

"ဘာလုပ်နေတာလဲ ဝိုင်"

ဝိုင် ဇွဲမာန်အမေးစကားကြောင့် ခေါင်းကို အောက်ငုံ့ရင်း လက်ထဲတွင် ကိုင်ထားသော ၃၀၀၀မျှရှိသော အပေါစား ပိုက်ဆံအိတ်လေးကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ပြီး

ခါးသက်သောအမုန်းWhere stories live. Discover now