10 U/Z

1.6K 49 7
                                    

Uni
💗ခါးသက်သောအမုန်း💗

💗အပိုင်း ၁၀💗

သူ ညကတည်းက အိပ်၍မပျော်ပေ။ ဝိုင် ဘယ်မှာရှိလေမလဲ စဥ်းစားရင်း သူ့ ဦးနှောက်ကို တစ်ညလုံး အလုပ်ပေးနေမိလေသည်။  နောက်ဆုံးသူ့ စဥ်းစားမိသည့်က မြောက်ဒဂုံဘက်က "ဧကရီနှင်းဆီခြံ" ဖြစ်သည်။ ဒီခြံက သူမရဲ့ တစ်ခုတည်းသော ကျန်သည့် ခြံဖြစ်သည်။ သေချာသည် သူမ ထို"ဧကရီနှင်းဆီခြံ" မှာ ရှိနေမည်မှာ သေချာသည်။ အတိတ်မှာ ဘယ်သို့သော အကြောင်းအရင်းတွေရှိခဲ့ပါစေ အခုချိန်မှာတော့ သူမ နှင့် သူသည့် ပတ်သတ်ရာပတ်သတ်ကြောင်းတွေရှိနေခဲ့သည့်မို့ သူမ နှင့် ထိပ်တိုက်တွေ့ပြီး ဖြေရှင်းရန် လိုအပ်နေသေးသည့် စကားစုတစ်ရပ်က ရှိနေပြန်သည်။ ထိုကြောင့် သူမနှင့် သွားတွေ့ရန် ထွက်ခဲ့လေသည်။

"ဦးဘမှန် ဒီကို ချစ်ယွန်း လာလိမ့်မယ်၊ ကျွန်တော်မရှိဘူး ပြောလိုက်ပါ၊ ကျွန်တော် သွားစရာရှိတယ်"

"လူလေးက ဘယ်သွားမှာလဲ"

ကားတံခါးဖွင့်ပြီး ကားထဲဝင်ထိုင်ဖို့ ပြင်နေသော ညီ လှုပ်ရှားမှု ရပ်တန့်သွားရပြီး

"ကျွန်တော် ဧကရီနှင်းဆီခြံကို သွားမလို့"

စကားအဆုံးတွင် သူ့ ဦးတည်ရာ နေရာက "ဧကရီနှင်းဆီခြံ"ရှိရာသို့ ဖြစ်သည်။
                          💗💗💗

"ကိုအောင်စည်နဲ့ မပန်းမြိုင် သဘောပါ၊ မင်းတို့ ဆုံးဖြတ်ကြ၊ အခုချိန်မှာတော့ ဝိုင် အနေနဲ့ ကိုအောင်စည်နဲ့ မပန်းမြိုင်ကို အရင်လို လစားမပေးနိုင်တော့တာမို့ ဝိုင် ဆီက ထွက်သွားမယ် ဆိုရင်လည်း ဝိုင် ဘာမှပြောမှာမဟုတ်ပါဘူး"

"မမလေးရယ် အဲ့လိုမပြောပါနဲ့၊ ကလေးတစ်ယောက်နဲ့ မမလေးကို ကျွန်တော်တို့ ပစ်မသွားရက်ပါဘူး၊ လစာမပေးနိုင်လို့ လစာမရတာက ကျွန်တော်တို့ အတွက် အကြောင်းမဟုတ်ဘူး၊ ကျွန်တော်တို့အတွက် နေစရာနေရာနဲ့ ထမင်းစားရရင် ကျေနပ်ပြီ၊ အဆင်ပြေပါပြီ"

"ဟုတ်ပါတယ် မမလေးရယ်"

အောင်စည်နှင့်  ပန်းမြိုင် စကားကို ကြားရပြီး ဝိုင် ဝမ်းသာဝမ်းနည်း ဖြစ်ရလေသည်။ ပန်းမြိုင် ထပ်ပြောလိုက်သည့် စကားကြောင့် ဝိုင် ဟန်ဆောင်နိုင်ခြင်း အလျှင်မရှိလေဘဲ တသိမ့်သိမ့် ငိုရှိုက်မိလေသည်။

ခါးသက်သောအမုန်းWhere stories live. Discover now