19 U/Z

2.3K 37 4
                                    

Uni

💗ခါးသက်သောအမုန်း💗

💗အပိုင်း ၁၉💗

"ဒိုင်း"

"ဒိုင်း"

မူဆယ်သွားရာလမ်းကလေးအတိုင်း မောင်းနှင်းလာသော ညီလင်းကိုကို၏ ကားအား အနောက်မှ လိုက်လာသော အနက်ရောင် ကားတစ်စီးမှ သေနတ်ဖြင့် ပစ်ခက်လာလေသည်။ ဤသည့်ကို ဦးဘမှန် ရိပ်စားမိသွားပြီး

"လူလေး သတိထား"

"ကျွီ"

"ဝုန်း"

"ဒုန်း"

"အား"

"ဝုန်း"

ကြီးမားသော သစ်ပင်ကြီးတစ်ခုအား ဝင်တိုက်လိုက်သူက ဦးဘမှန်ဖြစ်သည်။ ပြီးနောက် ကားတံခါးကို ဖွင့်ပြီး ဦးဘမှန်နှင့် ညီ ကားပေါ်မှ လှိမ့်ဆင်းချလိုက်လေသည်။  ကျောနှင့် မြေပြင် တစ်သားတည်း ကျသွားသည့် အချိန်မှာ ညီလင်းကိုကို၏ ကားက သစ်ပင်ကို ဝင်စောင့်မိသော အခြေအနေကြောင့်  မီးလောင်ပေါက်ကွဲလေတော့သည်။

"လူလေး လူလေး အဆင်ပြေလား"

ညီလင်းကိုကိုနှင့် ဦးဘမှန် ချောက်ကမ်းပါး တစ်ခုမှာ ပြုတ်ကျလုနီးနီး ဖြစ်နေသော ဟန်ချက်ကို အသာထိန်းရင်း ကုန်းမြေရှိရာသို့ ဖက်တွယ် ပြန်တက်လာခဲ့လေသည်။

"လူလေး ဘယ်နေရာ ဘာထိခိုက်သွားသေးလဲ"

အသက် ၅၀ ကျော် လူအိုကြီး တစ်ယောက်။ သူ့ကို စိုးရိမ်စွာ သူ့ ခန္ဓာကိုယ်ကို လိုက်စမ်းရင်း မေးနေသော လူအိုကြီးကို ကြည့်ပြီး  ညီ ရင်ထဲ လှုပ်ခက်လာသည့် ဝမ်းနည်းမှုက အတိုင်းအဆ မဲ့ခဲ့ရလေသည်။

"ကျွန်တော် ကျွန်တော် ဘာမှ မဖြစ်ဘူး၊ ဦးလေးရော ဘာဖြစ်သွားသေးလဲ"

"ဘာမှ မဖြစ်ဘူး၊ ဒါနဲ့ မူဆယ်ကို ဘယ်လို ဆက်သွယ်မလဲ"

ညီ သက်ပြင်းမောကို ရှိုက်ပြီး

"ကွမ်ယုရှောင် ကို လှမ်းခေါ်ရမှာပဲ"

ဒါကိုပင် ဦးဘမှန်က ခေါင်းငြိမ့် ထောက်ခံလေသည်။ ညီ ကားနှင့် အနည်းငယ် ကွာဝေးသော နေရာက သူ့  သရေအိတ် အမဲရောင်ကို ကောက်ကာ ဖုန်းကို ထုတ်လိုက်ပြီးလျှင် တရုတ်လူမျိုး ကွမ်ယုရှောင် ဆီ ဖုန်းခေါ်လိုက်လေသည်။

ခါးသက်သောအမုန်းWhere stories live. Discover now