12 U/Z

1.2K 38 4
                                    

Uni

💗ခါးသက်သောအမုန်း💗

💗အပိုင်း ၁၂💗

မနက်ခင်းနေရောင်ခြည် နှင့် အတူ ညီ အိပ်ယာနိုးလာလေသည်။ ဘေးဝဲယာကို ကြည့်မိတော့ သူ့ အိမ်မဟုတ်။ သူ  မျက်ဝန်းတွေ အသာအယာဖွင့်ကာ အိပ်ယာပေါ်က ထထိုင်လိုက်ပြီး အခန်းအပြင်ကို ကြည့်မိတော့ နှင်းဆီခြံကို ရောက်နေခြင်း ဖြစ်သည့်ကို သိလိုက်ရလေသည်။

"ရှင် နိုးနေပြီလား၊ ရှင်နဲ့ ကျွန်မ စကားပြောဖို့ လိုတယ် ဦးညီလင်းကိုကို"

ညီ ဝိုင်ကို တစ်ချက်ကြည့်ပြီး

"ညက ငါ့ မူးရူးပြီး သောင်းကျန်းမိတာ တောင်းပန်ပါတယ်"

"ကျွန်မတို့ သားမိ ဒီမှာရှိနေတာ ရှင့် အတွက် စိတ်အနှောက်အယှက် အရမ်းဖြစ်နေတယ်နဲ့ တူတယ်"

"ဟင်"

ရယ်သံစွတ်ပြီး စကားကို တစ်ခွန်းချင်းဆိုလာလေသော ဝိုင်ကို ကြည့်ပြီး သူ့ အံ့သြမိရလေသည်။ ဝိုင် မျက်နှာကို လှမ်းကြည့်မိလေတော့ အပြုံးအရယ် စိုးစိမျှ ရှိမနေပေ။

"ငါ ငါတောင်းပန်ပါတယ်"

သူ့ဘဝမှာ ပထမဆုံးအကြိမ် နှင်းဆီဝိုင်အား တောင်းပန်ခြင်း ဖြစ်သည်။

"ရှင်ပြန်တော့ ဦးညီလင်းကိုကို၊ နောက်တစ်ခါ ကျွန်မ အိမ်ရှေ့ မူးရူးပြီး လာမသောင်းကျန်းနဲ့ ရှင့်ကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲပစ်မယ် ၊ အခုတော့ ရှင်ပြန်လို့ရပြီ"

ပြတ်သားသည့် ဆိုသည့်ထက် အလွန်တရာပြတ်သားလွန်းသော သူမ စကားကြောင့် သူ သက်မနွေးနွေးကို ရှိုက်ပြီး

"ငါ မင်းအတွက် တစ်ခုခုပြန်လုပ်ပေးချင်တယ် နှင်းဆီဝိုင်"

ဝိုင် နှုတ်ခမ်းတစ်စုံကို မဲ့လိုက်ပြီး

"ကျွန်မအတွက် မလိုအပ်ပါဘူး ဦးညီလင်းကိုကို၊ နှင်းဆီဝိုင် ဆိုတဲ့ မိန်းမက သူတစ်ပါးကို မှီခိုရမှ ရပ်တည်နိုင်တာမဟုတ်ဘူး၊ ရှင် ကျွန်မအတွက် ဘာမှလုပ်ပေးစရာ မလိုတဲ့ အတွက် ရှင်လာရာလမ်းကို အေးဆေးပြန်ကြွသွားလိုက်ပါ"

စကားအဆုံးတွင် လှည့်ထွက်သွားရန် ပြင်နေသော သူမကို ကြည့်ပြီး ညီလင်း ဦးခေါင်းကို ဘယ်ညာယမ်းလိုက်ပြီး

ခါးသက်သောအမုန်းWhere stories live. Discover now