Uni
💗ခါးသက်သောအမုန်း💗
💗အပိုင်း ၈💗
ညီ ချစ်ယွန်းကို ဆေးခန်းမှ အိမ်ကို ပြန်ပို့ပြီး
"ချစ်ယွန်းကလေ မောင့် စကားဆို ဘယ်တော့မှ နားမထောင်ဘူး၊ အခုတော့ ဖျားပြီ မဟုတ်လား"
ချစ်ယွန်း အဘိုးကြီး တစ်ယောက်လို ပွစိပွစိ လုပ်နေသော မောင်ကို ရယ်ရွှင်စွာ ကြည့်ပြီး
"မောင်ကလေ အဖိုးကြီး ပေါက်စအတိုင်းပဲ၊ ချစ်ယွန်းကိုဆို အမြဲဆူဖို့ပဲ"
နှုတ်ခမ်းဆူကာ စိတ်ကောက်သလို ဖြစ်နေသော ချစ်ရသူလေး နံဖူးကို ခပ်ဖွဖွလေး ထုလိုက်ပြီး
"ဆူတာမဟုတ်ပါဘူး၊ တစ်ယောက်ထဲ နေတဲ့ ချစ်ယွန်းကို ဒီကောင်က စိတ်ပူတာ သိရဲ့လား"
"အဟင့် မောင်ကလေ တကယ်"
"တော်ပြီ တော်ပြီ ဒေါ်ယွန်း၊ ခင်ဗျားလေး ဘာစားပြီးပြီလဲ"
"မစားရသေးဘူး"
ချစ်စရာကောင်းလောက်အောင် ခေါင်းကို ဘယ်/ညာ ယမ်းပြနေသော ကောင်မလေးကို ဒီကောင်ရင်မှာ အဘယ်လို မချစ်ဘဲ နေနိုင်မည်နည်း။ သူ့ ခပ်ဖွဖွလေး သူမ နံဖူးပြင်ကို ချစ်စနိုးနှင့် ပုတ်လိုက်ပြီး
"မောင် ချစ် စားဖို့ တစ်ခုခု စီစဥ်ပေးမယ် ဟုတ်ပြီလား"
"ဟုတ်"
အေးချမ်းလွန်းသည့် အပြုံးပိုင်ရှင်လေး။ ကျွန်တော် မြတ်နိုးရသည့် သူမ။ ကံကြမ္မာကြောင့်သာ မဟုတ်ရင် ကျွန်တော်တို့ အချစ်တွေ လတ်ဆတ်နေမှာ အမှန်ပင်ဖြစ်သည်။ အခုတော့လည်း ရင်မှာ မချိသည့် ဝေဒနာတရပ်ကို အလူးအလဲခံစားရင်း သူမ လိုအင်ဆန္ဒကိုသာ ဖြည့်ဆည်းပေးဖို့ သူ့ရည်ရွယ်ထားသည်။
လှပသော ပန်းတစ်ပွင့်ကို ပင်မြင့်မှာသာ တင့်တယ်စေသည့် သူ့အတွက် ချစ်ခြင်းဆိုသည့် မေတ္တာတရားကြောင့် သူမလေး ဘဝပန်း ညှိုးနွမ်းလေအောင် သူ ဘယ်သော အခါမှ ပြုလုပ်မည် မဟုတ်ပေ။ ဒါတွေ အားလုံး သူမလေးကို သူ့ နှလုံးသားက မြတ်မြတ်နိုးနိုး ချစ်လွန်း၍သာ ဖြစ်သည်။
💗💗💗
YOU ARE READING
ခါးသက်သောအမုန်း
Romanceဘဝမှာ အမုန်းဆုံး မိန်းမကို ပြောပါ ပြပါဆို နှင်းဆီဝိုင် ဆိုတဲ့ သူမက ထိပ်ဆုံးက ပါဝင်နေတယ် "ညီလင်းကိုကို"