16 U/Z

410 14 0
                                    

Uni

💗ခါးသက်သော အမုန်း💗

💗အပိုင်း ၁၆💗

"မင်း ပြောင်းလဲသွားတယ်နော် ဝိုင်"

သူ့ စကားကြောင့် ဝိုင် နှုတ်ခမ်းတွေကို သိသိသာသာ မဲ့လိုက်မိလေသည်။ ဒီလိုဝိုင်ပြောင်းလဲသွားလေအောင် ပြုလုပ်ခဲ့သူက သူ မဟုတ်ဘူးလား။

"နှင်းဆီဝိုင် ပြောင်းလဲခြင်း မပြောင်းလဲခြင်းက ရှင်နဲ့ သက်ဆိုင်နေလို့လား ဦးညီလင်းကိုကို၊ သေချာတာကတော့ ကျွန်မက ရှင်သိခဲ့ဖူးတဲ့ နှင်းဆီဝိုင်မဟုတ်တော့ဘူး ဆိုတာပဲ"

ကျားသစ်မလေး တစ်ကောင်လို စူးရဲလွန်းသည့် သူမ အကြည့်တွေ။ တောက်ပလွန်းသည့် မျက်နှာလေးက တင်းမာကာ ဘာကိုအလိုမကျဖြစ်နေလေသလဲ မသိ။

သူ့ သူမ မျက်နှာလေးကို ခပ်ငေးငေးလေးကြည့်ပြီး

"ကိုယ့် မင်းကို လိုက်ရှာနေခဲ့တာ ဝိုင်"

သူ့ စကားကြောင့် ဝိုင် နှုတ်ခမ်းတွန့်ရုံမဲ့ကာ လောင်ပြုံးလေးဖြင့်

"ဘာအတွက်လိုက်ရှာနေတာလဲ ဦးညီလင်းကိုကို၊ ဘာလဲ ရှင့်က ကျွန်မ သမီးကို မိထွေးလက်အပ်ချင်နေလို့လား"

"ဟာ!"

ညီ ရင်ထဲ တစ်စုံတစ်ရာ စူးနင့် ဝင်ရောက်လာသလို ခံစားလိုက်ရလေသည်။
သူမ သူမက ထိုကဲ့သို့ ထင်နေသည့်တဲ့လား။ သူမတို့ သားမိကို လိုက်ရှာနေသည့်က သူ့အပြစ်တွေကို ပေးဆပ်ချင်ရုံသက်သက်ပါ။
သူမတို့ သားမိအပေါ် ပြုလုပ်ခဲ့သည့် သူ့အပြစ်တွေက ခွင့်လွှတ်နိုင်စရာမရှိသော်လည်း အပြစ်ရှိသည့်ဟု ခံယူထားသည့် ဒီကောင်ကြီးက အပြစ်ခံယူဖို့ အဆင်သင့် ဖြစ်နေခဲ့လေပြီ။ ဒါကို ဝိုင်က သူ့ကို စကားလုံးတွေနှင့် သတ်မည်ဆိုလည်း လည်စင်းပြီး အသေခံရုံပေါ့။

"ရှင်နဲ့ကျွန်မ ကိုယ်ရေးကိုယ်တာတွေ ပြောရမဲ့ အချိန်မဟုတ်ဘူး ထင်ပါတယ် ဦးညီလင်းကိုကို"

သူမ စကားကြေင့် သူ့ သက်မနွေးနွေးကို ရှိုက်ပြီး

"ဘာပဲပြောပြော ကျေးဇူးတင်ပါတယ် ဝိုင်ရယ်၊ မင်း ကိုယ့်အရှေ့ကို ပြန်ရောက်လာတာ နဲ့ တင် ကျေးဇူးတင်ပါတယ်"

ခါးသက်သောအမုန်းWhere stories live. Discover now