Uni
💗ခါးသက်သော အမုန်း💗
💗အပိုင်း ၂💗
အမုန်းတဲ့။ ထပ်တူကျသော အမုန်းတွေ။ ရင်မှ ပေါက်ဖွားလာသော ထိုမိန်းမကို မုန်းသော အမုန်းထုထည်တို့က သူ့ရင်ထဲမှာ အပြည့်။ မမေ့သေးဘူး ထိုတစ်နေ့။ သူ့ကို ရဖို့ နည်းမျိုးစုံသုံး လိမ်လည်လှည့်ဖျားယူခဲ့သည့် နေ့။ ထိုနေ့သည် သူ့ဘဝသေဆုံးခဲ့သည့် နေ့။ ရင်ထဲမှာ ဒဏ်ရာတွေရခဲ့သည့် နေ့။ အတိတ်အကြောင်းတွေ တွေးမိလေလျင် သူမကို မုန်းသည်။ ထို အမုန်းက ကမ္ဘာမကျေအမုန်း။
"ချစ်ယွန်းရောက်နေတယ်လူလေး"
"ဟုတ်ကဲ့ ကျွန်တော်လာခဲ့မယ် ဦးလေး ဘမှန်"
ချစ်ယွန်း။ ချစ်ယွန်း ဆိုသည့် အမည် ကြားလိုက်သည့်နှင့် သူ့၏ ဝဲဘက်ရင်အုံက အောင့်သက်သက်ဖြစ်လာရလေသည်။
ဦးဘမှန် အပြင်ထွက်သွားပြီး ခဏအကြာတွင်တော့ သူ့ ဧည့်ခန်းဆီသို့ လျှောက်လာခဲ့လိုက်လေသည်။"မောင်"
ဆွေးရိပ်သန်းနေသော ချစ်ယွန်းရဲ့ မျက်ဝန်းအကြည့်တွေက အခုထိ သူ့ နှလုံးသားမှာ စွဲထင်နေဆဲပင်။
"ချစ်ယွန်း၊ ချစ်လေးရယ်"
သူ သူမ ခန္ဓာကိုယ်လေးကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်မိလေသည်။
လွမ်းခဲ့ရသည့် ၆ နှစ်။ ဂြိုလ်ဆိုးမကြောင့်သာ မဟုတ်ရင်။
မတွေးချင်တော့ပါဘူး အတိတ်တွေ ။ ချစ်သူကိုသာ ရင်ခွင်ထဲ နစ်မြှပ်လုမတက်ပွေ့ဖက်ရင်း သူ့ မြတ်နိုးသည့် ဆံနွယ်ရှည်များကို မြတ်နိုးစွာ နမ်းရှိုက်နေမိလေသည်။
"ချစ်လိုက်တာ ချစ်ရယ်"
💗💗💗"မိန်းကလေးပေါင်ထားတဲ့ တိုက် နဲ့ ခြံကို Moe Sun Flower ရဲ့ ceo ဦးညီလင်းကိုကိုက သိမ်းပါတယ်တဲ့"
အေးဆေးတည်ငြိမ်စွာ ပြောလာသော လူကြီးကို ဝိုင် လှုပ်ရှားစွာ ကြည့်ပြီး
"ဘာလို့လဲ ဘာလို့အဲ့လိုလုပ်ရတာလဲ"
"ကျွီ"
"ဘာလို့လုပ်တာလဲ မေးရင် မင်းကို အနိုင်လိုချင်လို့ "
"ဟင် ဦးညီလင်းကိုကို"
YOU ARE READING
ခါးသက်သောအမုန်း
Romanceဘဝမှာ အမုန်းဆုံး မိန်းမကို ပြောပါ ပြပါဆို နှင်းဆီဝိုင် ဆိုတဲ့ သူမက ထိပ်ဆုံးက ပါဝင်နေတယ် "ညီလင်းကိုကို"