Uni
💗ခါးသက်သောအမုန်း💗
💗အပိုင်း ၂၀💗
မြန်မာပြည် ခြေမချပါဘူးဟု မုန်း စိတ်ကို ဒုန်းဒုန်းချ ဆုံးဖြတ်ခဲ့သော်လည်း နယ်မြေခြား ဆိုသော လူတစ်ယောက်ရှိသည့် မြန်မာမြေကို မုန်း ပြန်ရောက်ခဲ့ရပြန်ပါသည်။ သမီးလေး ဝိုင်လဲ့ညီ နှင့် သားလေး နယ်စီးချင်း တို့အား တစ်ယောက်တစ်ဖက် စီလက်ဆွဲ၍ မုန်း လေဆိပ်မှ ထွက်ခဲ့လေသည် ။ ၁၅ နှစ်အရွယ်သားလေးက သူမကို ချိုသည့် ခါးသည့် အပူကပ်ခြင်း မရှိလေဘဲ သူမ လိုရာကိုသာ ဖြည့်ဆည်းပေးသည့် သားငယ်လေးမို့ နယ်စီးချင်း ကို မုန်း ချစ်မဝ ဖြစ်ရလေသည်။
"မမမုန်း"
"မာမီ"
ဝိုင်လဲ့လေးက သူ့မာမီကို တွေ့သည့်နှင့် သူမ မာမီရင်ခွင်ထဲ ပြေးဝင်သွားလေသည်။
"အို မာမီ သမီးလေး ၊ လွမ်းလိုက်ရတာ"
"ဘေဘီလည်း မာမီကို လွမ်းနေတာ အဟင့်"
မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျကာ ငိုလာသော သမီးငယ်ကို ရင်ခွင်ထဲ ထွေးပွေ့ရင်း ဝိုင် မျက်ရည်တွေ သုတ်ပေးမိလေသည်။
"မငိုနဲ့တော့နော် ဘေဘီ၊ အခု ဘေဘီ အနားမှာ ဘေဘီရှိနေပြီလေ"
ချစ်စနိုး ခေါင်းလေးငြိမ့်ပြသည့် သမီးငယ်ကြောင့် ဝိုင် သမီးလေး ပါးကို နမ်းလိုက်မိလေသည်။
"မာမီ တွေ့လား၊ ဖူးဖူး သူ့ မာမီကို ချွဲနေတာ"
စီးချင်းက ဝိုင်လဲ့ညီအား ချစ်စနိုးဖြင့် ဖူးဖူး ဟု ခေါ်လေ့ရှိလေသည်။ မုန်း ပါးစပ်မစိနိုင်အောင် ဖူးလေးကို ကြည့်ပြီး ပြုံးနေသည့် သားအား ကြည့်ပြီး ပြုံးမိလေသည်။
သားက ဖူးဖူးလေးအပေါ် သိပ် သံယောဇဥ်ကြီးရှာခဲ့သည်။ ထိုကြောင့်လည်း မြန်မာပြည် အပြန်ခရီးကို သူ ကိုယ်တိုင် လိုက်လာခဲ့ခြင်း ဖြစ်သည်။
💗💗💗"ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲ ရှင်"
ညီ နေကာမျက်မှန်ကို ပင့်ကာ ကြည့်လိုက်ပြီး
"ညီလင်းကိုကို လာတယ်လို့ ပြောလိုက်၊ မင်းတို့ မစ္စတာဂျော့ ငါ့ ဘယ်သူဆိုတာ သိတယ်"
YOU ARE READING
ခါးသက်သောအမုန်း
Romanceဘဝမှာ အမုန်းဆုံး မိန်းမကို ပြောပါ ပြပါဆို နှင်းဆီဝိုင် ဆိုတဲ့ သူမက ထိပ်ဆုံးက ပါဝင်နေတယ် "ညီလင်းကိုကို"