14 U/Z

409 16 1
                                    

Uni

💗ခါးသက်သော အမုန်း💗

💗အပိုင်း ၁၄💗

ကိုးရီးယားမှာ အခြေချပြီး ဝါသနာပါသည့် စီးပွားရေးဆိုင်ရာ ပညာကို  ဝိုင် ဇွဲရှိရှိကြိုးစားသင်ခဲ့လေသည်။  သမီးလေးသာ ဝိုင် ဘဝအတွက် အရာရာဖြစ်နေ၍ သမီးဘဝရှေ့ရေးအတွက် အစစအရာရာ ကြိုတင်စဥ်းစားပြီး အနာဂါတ်အတွက် plan ချပြီး မြန်မာပြည် ပြန်ရန် မမ၏ တိုက်တွန်းမှုကြောင့် ဝိုင် စိတ်အစဥ်ဝယ် စိုးထိတ်မှုတွေ ကြီးစိုးရပြန်ပါသည်။ မြန်မာပြည် ပြန်ပြီး  အခြေချလေမှ သမီးကို သူက ပြန်ပြီး လုလေလျှင်။

အို ဝိုင် သူ့ကို ကြောက်စရာမှ မလိုတာ။  အခုချိန်မှာ နှင်းဆီဝိုင် ဆိုသော မိန်းမ အဆိပ်ဘယ်လောက်ပြင်းသည့်ကို ပြရမည့် အချိန်မဟုတ်လား။

"baby ဆုံးဖြတ်ပြီးပြီလား၊ အမှန်တိုင်း ပြောရရင် baby ညီလင်းကိုကို ကို့ အရှုံးပေးပြီး ထွက်လာတာ မမ သဘောမကျဘူးကွယ်"

မုန်းဒါလီသည် မိမိကိုယ်တိုင်က သားတစ်ယောက်နှင့် Single mother ဖြစ်သည့်အတွက် ဝိုင် ဘဝလေးကို သနားသည်။ ကိုယ်ချင်းစာသည်။

ဝိုင် သူမဆီ ရောက်ကတည်းက သူမကသာ အမကြီး တစ်ယောက်လို ဝိုင်အား စိတ်ဓာတ်ခွန်အားတွေပေးခဲ့ရလေသည်။

"ဝိုင် သူနဲ့ တစ်ယောက်ချင်းပြန်တွေ့တဲ့ အခါ အားအတော်မွေးရဦးမယ်"

မုန်းဒါလီ သက်မနွေးနွေးကို ရှိုက်ပြီး

"ဒါဆို babyက အရှုံးသမားအဖြစ်နဲ့ တစ်သက်လုံး ဒီအတိုင်းနေမှာလား baby"

ဝိုင် မမဒါလီ စကားကြောင့် မမဒါလီကိုရော မေးချင်မိပါသည်။

"မမလဲ အရှုံးသမားအဖြစ်နဲ့ တစ်သက်လုံး ဒီအတိုင်းနေမှာလား" ဟု မေးလိုက်ချင်သော်လည်း ဝိုင် မမေးရက်ပေ။

တစ်ခါတစ်လေ ပြန်တွေးကြည့်တော့လည်း ဝိုင် သူ့ထံမှ ထွက်လာသည့်ကို မှားသည့်ဟု ဝိုင်လည်း ခံစားမိသည်။ ပြန်ဖို့ကျတော့လည်း ဝိုင် ဒီနှစ်တွေထဲ တွေဝေနေခဲ့လေသည်။

ဆုံးဖြတ်ချက်တစ်ခုကို သေချာချပြီး အရာရာကို ဝိုင် ရင်ဆိုင်ရန် အသင့်ဖြစ်နေဖို့ ဝိုင် အတော် အားမွေးရပေဦးမည်။
                            💗💗💗

ခါးသက်သောအမုန်းWhere stories live. Discover now