Part 5 (U+Z)

1.8K 39 7
                                    

"ဟျောင့်...နွေဂန္ဓာဦး.. ငါတို့အတန်းလစ်ရအောင်ကွာ"

"ဟာ...မင်းတို့ကလဲ...ဖြစ်ပါ့မလားကွ ငါ့ဆရာသိရင်မလွယ်လောက်ဘူး"

"ဖြစ်ပါတယ်ကွာ...အေးဆေး....အခုငါတို့ bar သွားပြီးနည်းနည်းလောက် ဘီယာလေးဘာလေးချရအောင်ကွာ"

နွေဂန္ဓာဦး လိုက်ရမလားစဥ်းစားနေမိသည်..။

"ဆရာ့ကိုငါကြောက်တယ်ဟျောင့်တွေ...ဘိုးတော်ကြီးကမလွယ်ဘူး.ငါအသိဆုံးပဲ"

"မင်းကလဲကွာ တစ်ခါတစ်လေပဲ ဘာမှမဖြစ်ပါဘူး ငါတို့ကခနပဲသွားမှာအကြာကြီးမနေဘူး"

ထိူစကားကိုအာကာကဝင်ထောက်ခံသည်။

"ဟုတ်တယ်ကွ...ခနဆိုမှခနလေးရယ်...ဘာမှမဖြစ်ပါဘူးကွာအဲ့လောက်လဲစိုးရိမ်မ​ေနနဲ့ဟိတ်ကောင်.."

"ပြောတာကဟုတ်ပါပြီ...ငါတို့ကဘာနဲ့သွားကြမှာလဲ..."

"အဲ့တာကတော့ မပူပါနဲ့ကွာ...စံကြီးမှာကားပါလာတယ်.."

"ဖြစ်ပါ့မလားကွာ...ပြီးတော့Math အချိန်ကြီးနော်...အဲ့တီချယ်ကလွယ်တာမဟုတ်ဘူး စည်းကမ်းကြီးတာကိုမင်းတို့လဲသိသားနဲ့"

"ဘာမဖြစ်ဘူး...စိတ်ပူမနေပါနဲ့ကွာ...လာသွားရအောင်..ကြာတယ် "

ကျွန်တော့်တို့​​ ၄ယောက် နောက်ဘေးလမ်းကနေကားရှိရာနေရာသို့လာခဲ့ကြသည်။

"တက်တော့...ဟျောင့်တွေ..."

စံကြီးပြောတော့အားလုံးအလျင်အမြန်ပင်တက်လိုက်ကြသည်။

ကားထဲရောက်တော့ ကောင်းမြတ်က ဆေးလိပ်ဘူးကိုဖွင့်ကာတစ်ယောက်တစ်လိပ်လိုက်ပေးသည်။

"ငါမသောက်ချင်ဘူး ကောင်းမြတ်..."

နွေဂန္ဓာဦး ငြင်းလိုက်တော့...

"ဘာလို့လဲနွေကြီးရာ...ဒီကောင်တွေလဲသောက်နေတာကို.."

"ဆေးလိပ်သောက်တာမကောင်းဘူးကွ...ကျန်းမာရေးကိုထိခိုက်စေတယ်..။ပြီးတော့ရုပ်လဲရင့်တယ်လေ..အဲ့တာကြောင့်ငါမသောက်တာ.."

"ဒီကောင်စောက်ပိုပြောပြီ...မင်းရဲ့ဆရာကမသောက်ခိုင်းလို့မလားကွ..ဟား..ဟားးးးး "

He's mine❤️✨ (Completed )Where stories live. Discover now