(Unicode)
ဒီနှစ် ဆောင်းရာသီက တော်တော်အေးတယ်။ အေးလွန်းလို့ လက်ကို အပြင်တောင် မထုတ်ရဲဘူး၊ လက်အိတ်ကို တစ်ချိန်လုံးစွပ်ထားရတယ်။ ရယ်ချင်စရာတော့ ကောင်းတယ်၊ ဘယ်သူ့ကိုကြည့်ကြည့် မုန်ညင်းထုပ်တွေလိုပဲ။
"မင်းဘာပြောလိုက်တာ.."
"ချစ်တယ်လို့ မင်းကို"
လေထုက အေးစက်စက်။ ဆောင်းရာသီရဲ့ အအေးဓာတ်ကြောင့်ပဲလားမသိဘူး၊ လေထုက ပုံမှန်ထက် ပိုအေးနေတယ်။
"ရူးနေလား"
"အင်း။ ငါရူးနေပြီထင်တယ်"
"ဂေးကောင်! ရွံစရာ"
စိတ်ပျက်တဲ့မျက်လုံးတွေကြောင့် လေထုထဲမှာ တင်းမာမှုတွေ ပိုလာတယ်။ ဆောင်းတွင်းကြီးမှာ မိုးတွေပဲ ချက်ချင်းမည်းလာသလိုမျိုး ခံစားချက်က ဝမ်းနည်းစရာကောင်းနေတယ်။
"မင်းရွံလည်း ငါကချစ်မှာ"
လက်သီးတစ်လုံးက ပါးရိုးတည့်တည့်ပေါ် ကျတယ်။ ဘာအတွက်ကြောင့် ဒီလောက် အငြှိုးကြီးနေလဲမသိပေမယ့် ဒီလောက်ကြီး စိတ်ကြိုက်ထိုးစရာတော့ မလိုဘူးလို့ထင်မိတယ်။ ပါးစောင်ကနေ သွေးတွေတတောက်တောက်ကျတာတောင် တစ်ချက်ပြန်မထိုးတဲ့သူကရော ဘာတွေများ တွေးနေတာပါလိမ့်။
"သေချာ..ပြန်စဉ်းစား...ပေးပါ"
ချောင်းအဟွတ်ဟွတ်ဆိုးတဲ့ကြားက ပြောလိုက်တဲ့စကားက ကြေကွဲစရာအတိ။ ဒါပေမယ့်လည်း ထိုးနေတဲ့သူကတော့ ရပ်မသွားခဲ့ဘူး။ အို... ဘယ်လိုအကြောင်းအရာတွေလဲ။
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အိပ်ရာဘေးက နာရီရဲ့ alarm မြည်သံကြောင့် ဝမ်ရိပေါ် အိပ်ရာက နိုးလာတယ်။ နှစ်တွေသာကြာတယ်၊ ဒီနာရီက မပျက်မကွက် ၇ နာရီထိုးတိုင်း အချိန်မှန်နေတုန်းပဲ။ သူအပျင်းကြောဆန့်ရင်း ရေချိုးခန်းထဲ ဝင်ပြီး ကိုယ်လက်သန့်စင်လိုက်တယ်။ကျောင်းသွားရမယ့် အကြောင်းကို တွေးမိတော့ သက်ပြင်းပဲ ချမိတယ်။ မလုပ်ချင်တာတွေကို မလုပ်ဘဲနေလို့ရရင် ဘယ်လောက်တောင် ကောင်းလိမ့်မလဲ။