(Unicode)
အထက်တန်းနောက်ဆုံးနှစ်ဖြစ်တာမို့ ဖြေလိုက်ရတဲ့ tutorial၊ စစ်လိုက်ရတဲ့ စာမေးပွဲဆိုတာ တကယ်ငြီးငွေ့စရာကောင်းလွန်းတယ်။ နှစ်စက သူတို့အတန်းက တစ်ကျောင်းလုံးမှာ popular အဖြစ်ဆုံးအတန်း။ ဘာလို့ဆို Special ခန်းလည်းဖြစ်၊ ရုပ်လေးတွေကလည်း ချောမောသန့်ပြန့်နေလို့လေ။
အခုများတော့ ကလေးအမေကတောင် ဆရာ ပြန်ခေါ်ရမယ့်ရုပ်တွေနဲ့။ မျက်ကွင်းတွေလည်းညို၊ စိတ်နဲ့လူနဲ့လည်းမကပ်၊ ဟိုတနေ့ကဆို သူ့မှာ ၆ အလီမသိတော့လို့ calculator နဲ့ တွက်ရတဲ့ဘဝအထိ ရောက်သွားတယ်။
"သေတော့မယ်။ တကယ်သေတော့မယ်"
စာတွေလုပ်ရတာ ပင်ပန်းလွန်းလို့ ခုံနဲ့ နဖူးကို ဆောင့်ဆောင့်ချပြီး ညည်းညူမိတယ်။ ဘယ်သူကများ အားအားယားယား စာတွေကို တီထွင်ခဲ့တာလဲမသိဘူး။
"ရော့၊ မင်းအတွက်"
အာလူးကြော်နှစ်ထုပ်နဲ့ ကိုလာတစ်ဘူးက သူ့စာကြည့်စားပွဲပေါ် ရောက်လာတယ်။ ထုံးစံအတိုင်း တရားခံကတော့ ရှောင်းကျန့်ပဲပေါ့။
"ဒါမှမဟုတ် အပြင်ခဏထွက်မလား ရိပေါ်။ မင်း ကြည့်ရတာ တော်တော်ပင်ပန်းနေတဲ့ပုံပေါက်လို့"
"ဘယ်လဲ"
"Arcade သွားမယ်လေ။ ဟင်?"
"ပိုက်ဆံကုန်တယ်။ နိုး"
"ငါပါတယ်လေ ရိပေါ်ရဲ့။ လာ"
ရှောင်းကျန့်က သူ့ကိုလက်ကနေ ဆွဲပြီး အပြင်ခေါ်ထုတ်သွားတယ်။ အဲ့လောက် ရဲတင်းနေပြီလားဆိုရင်တော့ ရဲတင်းနေပါပြီ။ လက်ကို မထိတထိကိုင်တယ်။ အေးမှာစိုးလို့ ကိုင်တယ်။ ချော်လဲမှာစိုးလို့ ကိုင်တယ်။ 'လက်ချင်းတိုင်းရအောင်' ဆိုပြီး ကိုင်တယ်။ အမျိုးကို စုံနေတာပါပဲ။
"ငါ ပိုက်ဆံတစ်ပြားမှ မထည့်ဘူးနော်"
"သိပါတယ်ကွာ"
သူတို့နှစ်ယောက်လုံး အိမ်ကနေ ထွက်သွားကြတယ်။ ဘယ်သူ့ကိုမှလည်း မပြောသွားကြဘူး။ တစ်ချိန်ထဲမှာပဲ ရိပေါ်အခန်းထဲမှာ ကျန်ခဲ့တဲ့ အာလူးကြော်နှစ်ထုပ်နဲ့ ကိုလာဘူးလေးကတော့ မျက်ရည်လေးဝဲပြီး ကျန်ခဲ့ရရှာပါတယ်။
_____
Arcade ရောက်တော့ သူအရင်ဆုံး ပြေးသွားမိတာ အရုပ်ကောက်စက်ဆီကိုပါပဲ။ မရနိုင်မှန်းသိတဲ့ အရုပ်တွေကို ကောက်ရတာ သူ့ဝါသနာလေ။ အတော်ပဲလေ၊ သူကြည့်မရတဲ့ ရှောင်းကျန့်တစ်ယောက်လုံးပါတာပဲ။ ပိုက်ဆံကို ရှယ်ဖြုန်းပြမယ်။
