14)

434 53 5
                                    

(Unicode)

ဈေးကြီးပုံရတဲ့ အခန်းက တော်တော်လေးကို luxury ဆန်တယ်။ night view လည်းလှသလို အခန်းရဲ့ အပြင်အဆင်ကလည်း ကြည့်လိုက်တာနဲ့ ဈေးကြီးမှန်း သိသာပါတယ်။

တစ်လမ်းလုံး သူ့ကိုချီလာရတဲ့ ရှောင်းကျန့်က ဆိုဖာပေါ်မှာ ခဏအနားယူနေတယ်။ ကုတင်ပေါ်မှာ ငုတ်တုပ်ထိုင်နေရာကနေ ရှောင်းကျန့်ကို သေချာကြည့်မိတယ်။ စိတ်ရှုပ်နေတဲ့ expression နဲ့ ပြေလျော့လျော့ဖြစ်နေတဲ့ necktie။ နောက်လှန်တင်ထားတဲ့ ဆံပင်တွေနဲ့ suit တစ်ခုကို သပ်သပ်ရပ်ရပ်ဝတ်ထားတဲ့ ရှောင်းကျန့်။ အဲ့ဒါအပြင် အင်္ကျီလက်အစွန်းမှာ ပေနေတဲ့ သွေးတချို့။ ရှောင်းကျန့်က အများကြီး ပြောင်းလဲသွားတာပဲ။

"မင်း... ကြည့်ကောင်းတယ်"

မျက်နှာကျက်ကို မျက်နှာမူထားတဲ့ ရှောင်းကျန့်က သူ့ကို ဘာမှမတုံ့ပြန်ဘူး။ မျက်နှာကျက်ကိုပဲ ကြည့်မြဲတိုင်း ကြည့်နေတယ်။

"Club ဆိုတာတွေက သွားတိုင်းကောင်းတဲ့နေရာတွေ မဟုတ်ဘူး။ မင်းဘဝက ခဏလေးအတွင်း စုတ်ပြတ်သွားနိုင်တယ်"
"နောက် club တွေထဲမှာ မင်းကို မတွေ့ရရင် ကောင်းမယ်"

အမူးနည်းနည်းပြေသွားပြီဆိုပေမယ့် သူ့ကို လာဆုံးမနေတဲ့ ရှောင်းကျန့်ကိုတော့ ဘဝင်မကျပါ။ ကိုယ်တိုင်ကျ club ထဲ ဝင်ပြီးတော့ သူ့ကိုကျ လာဆုံးမနေပါသတဲ့။

"မင်းကျတော့ရော"

"ငါ့မှာက တခုခုဖြစ်ရင် အကာအကွယ်ယူဖို့ bodyguard တွေရှိတယ်။ မင်းမှာရှိလို့လား!"

"ငါ့မှာ မင်းရှိတယ်လေ..."

ရှောင်းကျန့်က သူ့ကို လှမ်းကြည့်တယ်။ သူကလည်း ရှောင်းကျန့်ကို ကြည့်နေတဲ့အခါ နှစ်ယောက်အတူ အကြည့်ချင်းဆုံသွားတယ်။ ဒါပေမယ့် ခဏပါပဲ။ စက္ကန့်ပိုင်းလောက်လေးပဲ။ ရှောင်းကျန့်က ချက်ချင်းတစ်ဖက်ကို မျက်နှာလှည့်သွားပြီး သက်ပြင်းချတယ်။

"နားတော့။ ငါသွားပြီ"

"သွားတော့မလို့-"

စကားမဆုံးသေးခင် ရှောင်းကျန့်က ထထွက်သွားတယ်။ ပိတ်သွားတဲ့တံခါးကိုကြည့်ရင်း သက်ပြင်းချဖို့ပဲ သူတတ်နိုင်ပါတယ်။ လိုတာထက်ပိုပြီး စိမ်းကားနေတဲ့ ရှောင်းကျန့်ကြောင့် သူတော်တော်နေရခက်ပါတယ်။ သူ့အပေါ် ချစ်တဲ့ကြိုက်တဲ့ ခံစားချက်မရှိတော့ဘူးဆိုရင်တောင် သူငယ်ချင်းတစ်ယောက်လိုတော့ ဆက်ဆံသင့်တယ်မလား...။
_____
ဒီနေ့ မျှော်လင့်ချက်တစ်ခုနဲ့ BIC ဆိုတဲ့ ရှောင်းကျန့်အလုပ်လုပ်နေတဲ့ ကုမ္ပဏီရှေ့မှာ ငုတ်တုပ်ထိုင်နေလိုက်တယ်။ ဘာမျှော်လင့်ချက်လဲဆိုရင် တွေ့ချင်မိတဲ့မျှော်လင့်ချက်။ သူ့ကိုယ်သူ နားမလည်နိုင်လောက်အောင် စိတ်တွေရှုပ်နေပေမယ့်လည်း သေချာတာတစ်ခုကတော့ သူရှောင်းကျန့်ကို တွေ့ချင်နေတယ်ဆိုတာပါပဲ။

If I...Where stories live. Discover now