10)

581 50 6
                                    

(Unicode)

သူဝယ်ပေးတဲ့ laptop ကို သဘောကျနေပုံရတဲ့ ရိပေါ်ကို အမြတ်တနိုးနဲ့ ဓာတ်ပုံတွေ တဖျတ်ဖျတ်ရိုက်မိတယ်။ ရိပေါ်ရဲ့အမည်နာမအောက်မှာ တသီးတသန့်သိမ်းထားတဲ့ ဓာတ်ပုံလေးတွေက သူ့အတွက်တော့ အားဆေးပဲ။ ဘယ်အချိန် ပြန်ကြည့်ကြည့်၊ ပြုံးမိစေတဲ့ အရာလေးတွေ။

"ငါ လောဘတက်လာပြီထင်တယ် ရိပေါ်ရယ်"

ရိပေါ်ရဲ့ ပြည့်စုံလွန်းတဲ့ side profile လေးကို ငေးရင်း ပါးစပ်က အမှတ်မထင် ထွက်သွားတဲ့စကားကြောင့် ရိပေါ်က မျက်ခုံးတွန့်တယ်။

"ရုတ်တရက်ကြီး ဘာထကြောင်တာလဲ"

"မင်းတစ်ယောက်ယောက်ကို ချစ်မိရင် နားလည်လာပါလိမ့်မယ်"

"သေချာပေါက် မင်းတော့မဟုတ်လောက်ဘူး"

‘သွေးအေးလိုက်တာ’ လို့တောင် ပြောနိုင်စရာမရှိ။ တည်ငြိမ်လွန်းတဲ့ မျက်နှာကြောင့် သူ့မှာ သိမ်ငယ်ရတယ်။ ပြစ်ချက်မရှိတဲ့ မျက်နှာလေးကို အမြတ်တနိုး နမ်းခွင့်ရမယ့်သူက သူမဖြစ်နိုင်တော့ဘူးလား...။

"ငါ အောက်ခဏသွားမယ်နော်"

ထွက်ပေါက်မရှိလောက်အောင် မွန်းကြပ်လာတဲ့အခါ စိတ်ပြေရာပြေကြောင်းက အန်တီဝမ်ပဲရှိပါတယ်။ သူ့ခံစားချက်တွေက ရင်ဘတ်ထဲမှာ ပြည့်ကြပ်လွန်းလို့ ပါးစပ်က‌နေတောင် အန်ထွက်ကျမတတ်ပဲ။

"သွားလေ"

တယုတယကိုင်ခွင့်မရတဲ့သူ့အတွက် ပခုံးလေးကို နှစ်ချက်ပုတ်ပေးဖို့ပဲ တတ်နိုင်ခဲ့တယ်။ ဖြစ်နိုင်ရင် ရိပေါ်ရဲ့ အတွေးမှာ သူက ဘယ်လိုပုံစံဖြစ်နေမလဲ‌ဆိုတာကိုတော့ သိချင်မိပါတယ်။
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
"ကျွန်တော်ပါ။ ဝင်ခဲ့မယ်နော်"

"အော်၊ လာလာ သားလေး"

အန်တီဝမ်က ဖတ်လက်စ သတင်းစာကို ဘေးချပြီး သူ့ကို ‘ထိုင်လေ’ ဆိုတဲ့ အမူအရာမျိုးနဲ့ ကြည့်တယ်။ သူဆိုသည်မှာလည်း အရမ်းပျော့ညံ့‌လွန်းပါတယ်။ ရင်ဖြင့်မဖွင့်ရသေးဘူး၊ မျက်ရည်က ဝဲချင်လာပြီ။

"အန်တီ... သား မျှော်လင့်ချက်မရှိတော့ဘူးထင်တယ်"

"ဝမ်လေးကို ပြောပြလိုက်ပါလား သားရယ်"

If I...Where stories live. Discover now