6)

496 46 8
                                    

(Unicode)

(Zawgyi)

"နောက်ကျနေပြီ"

"ခဏလေးပါပဲ"

Project Q အတွက် ကျောင်းမှာလူစုရမှာမို့လို့ သူအခုကျောင်းရှေ့ကို ရောက်နေတယ်။ Luggage ဆွဲရတာပင်ပန်းမှာစိုးလို့ဆိုပြီး တကူးတကလိုက်ပို့တဲ့ ရှောင်းကျန့်လည်း သူ့ဘေးမှာပါပါတယ်။

အဲ့တာကအရေးမကြီးဘူး။ အဓိကက ၈ နာရီလူစုခိုင်းထားတာ။ အခု ၇:၅၄ ဖြစ်နေပြီ။ ရှောင်းကျန့်က သူ့ကို စပါးကြီးမြွေလို အလွတ်မပေးဘဲ ဖက်ထားလို့ သူ့မှာ တောင့်တောင့်ကြီး မတ်တပ်ရပ်နေရတာ ၁၀ မိနစ် လောက်ရှိနေပြီ။

"Project Q က နှစ်ပတ်ပဲကြာမှာလေ။ မင်းဟာက လွန်လွန်းနေပြီ"

"အင်းပါ။ ရပြီ"

ဖက်ထားတာကို လွှတ်ပေးမှပဲ သူ့မှာ အသက်ရှူချောင်တော့တယ်။ တကယ်ကို စပါးကြီးမြွေအတိုင်းပဲ။ အသက်ရှူမဝတဲ့အထိ တင်းတင်းကြပ်ကြပ်ကြီး ဖက်ထားတာ။

"မရောက်ဖူးတဲ့ ‌နိုင်ငံတွေကြီးပဲမလား။ ကောင်းကောင်းပျော်ရင်း သေချာလေ့လာခဲ့"

"အေးပါ"

"ဖုန်းဖွင့်ဖြစ်တိုင်း ငါ့ message တွေကို reply ပြန်နော်"

"အေး အေး။ သွားပါရစေတော့"

"ဟုတ်ပါပြီ"

Luggage ကို လက်လွှဲပြီးတာနဲ့ သူလည်းကျောင်းထဲ ဝင်လာလိုက်တယ်။ ခုနစ်လှမ်းလောက်လျှောက်ပြီး နောက်လှည့်ကြည့်တော့ သူ့ကိုတာ့တာပြနေတဲ့ ရှောင်းကျန့်ကိုတွေ့တယ်။ ကလေးကလားနဲ့...။
_____
Project Q ရဲ့ ပထမဆုံးနိုင်ငံကတော့ Switzerland ပါ။ အဖွဲ့အစည်းက တနေ့လုံး Switzerland ရဲ့ အထင်က‌ရတွေကို လိုက်ပို့ပြီး ဗဟုသုတတွေကို ပြောပြတယ်။ ည ၉ နာရီကျော်မှ သူတို့အဖွဲ့တွေ ဟိုတယ်ကို ပြန်ရောက်ပါတယ်။

ပျော်တော့ပျော်ခဲ့ပေမယ့် ငြီးစီစီကြီးဖြစ်နေတာကြောင့် ရေဝင်ချိုးလိုက်တယ်။ ပြီးမှပဲ ဖုန်းကို ကိုင်ဖြစ်ပါတယ်။

WiFi ချိတ်လိုက်တာနဲ့ အဆက်မပြတ် ဝင်လာတဲ့ notification အသံတွေကြောင့် silent ပါ လုပ်ချလိုက်ရတယ်။ ထင်တဲ့အတိုင်း ရှောင်းကျန့်ရဲ့ WeChat acc က စာတွေဝင်လာတာပါပဲ။

If I...Where stories live. Discover now