(Unicode)
စာမေးပွဲဖြေတဲ့ ကာလတစ်လျှောက်လုံး ရှောင်းကျန့်က သူ့အိမ်ကို လာတယ်။ တစ်ခါတလေဆို ညပါအိပ်သွားတယ်။ တစ်ကုတင်ထဲ အတူအိပ်ရမှာကို တော်တော်ကြက်သီးထခဲ့ပေမယ့် မနက်မိုးလင်းတိုင်း ခွထားတာက သူပဲဖြစ်နေတော့လည်း ပြောစရာစကားတောင်မရှိ။
"ရိပေါ်၊ မနက်ဖြန် result တွေထွက်မှာနော်"
"အင်း။ မင်းနော်။ ပြောတဲ့အတိုင်းမဟုတ်ရင် တွေ့မယ်"
"စိတ်ချပါ"
စာလုပ်နေတဲ့သူ့ကို ရှောင်းကျန့်က တမေ့တမော ထိုင်ကြည့်တယ်။ အစက တော်တော်ကို နေရခက်ခဲ့ပေမယ့်လည်း တစ်ပတ်လောက်ကြာတော့ သူ့ဖာသာသူ ကျင့်သားရသွားတယ်။ တကယ်ကို ဘယ်လိုတွေမှန်း မသိပါဘူး။
"မင်း... တကယ်ချစ်စရာ"
ရုတ်တရက်ကြီး ထပြောတဲ့စကားကြောင့် သူကြက်သီးပါ ထသွားတယ်။ အမေရေ၊ ကျွန်တော်အန္တရာယ်မှ ကင်းရဲ့လား။ စားမတတ်၊ ဝါးမတတ် အကြည့်တွေကြောင့် သူ့လုံခြုံရေးတောင် သူစိတ်မချတော့ဘူး။
"မနက်ဖြန် မင်းလိုချင်တဲ့အတိုင်း result ထွက်ခဲ့ရင် ငါ့ကို တခုခုတော့ ဖြည့်စည်းပေးပါလား"
ကြည့်၊ လောဘကြီးတယ်ဆိုတာ အဲ့လိုလူမျိုးပေါ့။
"ပြောကြည့်"
"လက်၊ ၁၀ စက္ကန့်လောက်ပဲ လက်ကိုင်ခွင့်ပေးပါ"
ရိပေါ် ခဏလောက် စဉ်းစားလိုက်တယ်။ ရှောင်းကျန့်ကို အခုချိန် တောင်းဆိုတာမှန်သမျှ ပေးထားရင် နောင်တစ်ချိန် သူ့ကို ဘာတွေအထိ တောင်းနိုင်လောက်လဲ။ ဆိုပေမယ့်လည်း အခုဘေးနားကနေ puppy eyes တွေနဲ့ လာကြည့်တဲ့ ဒဏ်ကို သူမခံစားနိုင်ပါ။
"၁၀ စက္ကန့်ပဲနော်"
"အင်း။ ကျေးဇူးပါ ရိပေါ်ရယ်"
ရှောင်းကျန့်က ပြုံးပြပြီး သူ့ကို ဆက်ငေးပါတယ်။ သူ့ကိုယ်သူ ချောမှန်းသိပေမယ့် အဲ့လောက် တမေ့တမောငေးရလောက်တဲ့အထိ ချောနေတာလား။
_____
"ကဲ ကဲ! ဒီတစ်ခါ စာမေးပွဲ result တွေ ကြေညာမယ်"သူ ရင်တွေ တဒိန်းဒိန်းခုန်လာတယ်။ ရှောင်းကျန့်ကို ၁၀၀% ယုံလို့ရပါ့မလားဆိုတာ မသေချာဘူးလေ။ သူကဆက်ပြီး ၂ နေရာမှာပဲ ရှိနေရင်ရော။ သူအဆင့်မတက်ရင်ရော...။
