(Unicode)
ရိပေါ်တို့အိမ်ကို ရောက်တော့ အခြေအနေကို ကြိုခန့်မှန်းပြီးတဲ့ အန်တီဝမ်က သူ့ဆံပင်တွေကို သပ်ပြီး ချော့မြှူရှာတယ်။ ကျောက ဒဏ်ရာတွေကလည်း ဆေးမထည့်လာတာကြောင့် စပ်ဖြင်းဖြင်းနဲ့ နာကျင်မှုက အဆုံးထိပါပဲ။
"ထမင်းစားပွဲမှာသွားစောင့်နေ။ ပြီးရင် အန်တီနဲ့ စကားပြောရအောင်"
"ဟုတ်"
သူလည်း ထမင်းစားပွဲမှာ ငုတ်တုပ်လေးထိုင်ရင်း ရိပေါ်ကို စောင့်နေမိတယ်။ အခုချိန်မှာ ရိပေါ်မျက်နှာလေးဖြစ်ဖြစ် မြင်ရရင်ကိုပဲ သူ့အတွက်က လုံလောက်ပါတယ်။ ထိတွေ့ခွင့်ကတော့ အဲ့အဆိုးလေးက ပေးမှမပေးပဲ။
"ရိပေါ်..."
အခန်းထဲကထွက်လာတဲ့ ရိပေါ်က ဆွယ်တာအဖြူနဲ့ ဒူးအထိဖုံးတဲ့ ဘောင်းဘီမီးခိုးရောင်လေးကို ဝတ်ထားတယ်။ ရေချိုးပြီးကာစမို့လို့ အသားအရည်လေးက ဖြူအုနေပါတယ်။ ဘယ်နေရာကြည့်ကြည့် ကိုက်ချင်ငုံထားချင်စရာလေးတွေကြီးပဲ။
သူ့ကိုမြင်တဲ့ရိပေါ်က မျက်နှာတစ်ချက်မဲ့တယ်။ အဲ့ဒီမဲ့သွားတဲ့မျက်နှာလေးကအစ သူ့မျက်လုံးထဲ ချစ်ဖို့ကောင်းနေတာ ဘယ့်နှယ့်လုပ်ရပါ့နော်။
_____
သူ့ကျောပေါ်က ဒဏ်ရာတွေကိုမြင်တဲ့ အန်တီဝမ်က သက်ပြင်းရှည်ကြီးတစ်ခုချတယ်။ အဲ့ဒီနောက်မှာတော့ သူ့ကျောပေါ်မှာ အေးစက်စက်ဆေးရဲ့အထိအတွေ့ကို ခံစားလိုက်ရတယ်။"အဆင်ပြေရဲ့လား"
"ရိပေါ်ပျော်နေသရွေ့ ကျွန်တော် အဆင်ပြေပါတယ်"
"ငါ့နှယ်ကွယ်..."
အန်တီဝမ်က သက်ပြင်းနောက်တစ်ခါ ထပ်ချတယ်။ ဘာပြောရမှန်းမသိတဲ့ အခြေအနေမှာ သူလည်း ငြိမ်သက်နေလိုက်တယ်။ ဆေးတစ်ခါတစ်ခါ ထည့်လိုက်တိုင်း အေးကနဲဖြစ်ဖြစ်သွားတဲ့ ကျောဆီကိုပဲ အာရုံလွှဲထားမိပါတယ်။
"နောက်စာမေးပွဲတွေရော"
"ရိပေါ်ထားတဲ့နေရာမှာပဲ နေမှာပါ"
"အော်၊ အန်တီ။ ကျွန်တော် ဆင်းပေးလို့ သူက ၁ ရတာမဟုတ်ဘူးနော်။ ရိပေါ်က နဂိုထဲက တော်တာ အန်တီလည်း သိပါတယ်။ ရိပေါ်က တကယ်ကြိုးစားတယ်"
![](https://img.wattpad.com/cover/353968520-288-k6918.jpg)