8)

532 47 10
                                    

(Unicode)

ထမင်းစားပွဲလို့ ထင်စရာမရှိလောက်အောင် အေးစက်နေတဲ့ စားပွဲမှာ ရှောင်းကျန့်ငုတ်တုပ်ထိုင်နေတယ်။ စားပွဲရဲ့ ဟိုဘက်အစွန်းမှာတော့ သူ့ရဲ့နှစ်ယောက်မရှိတဲ့ အဖေက ထိုင်နေတယ်။ ပြီးတော့ အဖေ့ဘေးတစ်ခုံကျော်မှာတော့ သူ့အမေ။

"စာမေးပွဲဖြေနိုင်ခဲ့လား"

"သင်္ချာ ၂ ပုဒ်မှားခဲ့တယ်"

"အဲ့တာကို မင်းကိုယ်မင်း ဒီထမင်းဝိုင်းမှာ ဝင်စားဖို့ အဆင့်ရှိတယ် ထင်နေလား"

"တောင်းပန်ပါတယ်"

သုံးလနေမှ တစ်ခါလောက် အိမ်ကိုပြန်လာတဲ့ အမေဖြစ်သူ‌ရဲ့ စကားကြောင့် သူ့မှာတောင်းပန်ရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ဘူး။ ထမင်းစားပွဲကနေ ထပြီး သူ့အခန်းထဲမှာပဲ ငုတ်တုပ်ထိုင်နေလိုက်တယ်။ အခုတောင် အဲ့လောက်အခြေအနေဆိုရင် result သာ ထွက်ရင် ဘယ့်နှယ်များ နေလိမ့်မလဲ။

သက်ပြင်းချရုံကလွဲပြီး မတတ်နိုင်ခဲ့တဲ့ သူ့ဘဝကိုသူ စိတ်နာမိတယ်။ ဒီမိသားစုမှာ မမွေးလာခဲ့ရင် သိပ်ကောင်းမှာပဲ။

အခန်းထဲမှာ သူ့အသက်ရှူသံကလွဲပြီး တခြားအသံမကြားရဘူး။ ထိုင်တာကြာလာနဲ့အမျှ ခြောက်ခြားစရာကောင်းလာတဲ့ အခန်းကြီးကြောင့် သူ့မှာသွားစရာတစ်ခုပဲရှိတော့တယ်။

သေချာပေါက်ရိပေါ်တို့အိမ်ပေါ့...။
_____
မနက်ဖြန်ဆို စာမေးပွဲ result ထွက်ပြီ။
အိမ်မှာနေရင် အဖေ့အသံကြားတာနဲ့ ကြက်သီးတွေ ထလာလို့ သူ့မှာ ရိပေါ်အိမ်လာနေရတယ်။ ဒီမှာရှိနေရင် သိပ်ကို နွေးထွေးတယ်။ ချစ်ရတဲ့ကောင်လေးကြောင့်ရော၊ အဲ့ဒီကောင်လေးရဲ့ အမေကြောင့်ရော သူ့မှာပျော်ရတယ်။

စာလုပ်နေတဲ့ ရိပေါ်ရဲ့မျက်နှာလေးကို တမေ့တမောထိုင်ငေးမိတယ်။ ဘေးတိုက်မြင်နေရတဲ့ ရိပေါ်ရဲ့ မျက်နှာလေးက ပြစ်ချက်ရှာရင်တောင် တွေ့မှာမဟုတ်တဲ့ မျက်နှာလေး။ တစ်နေ့မှာ သေချာပေါက် သူ့ရဲ့အနမ်းတွေကို လက်ခံရမယ့် မျက်နှာလေး။

"မင်း... တကယ်ချစ်စရာ"

ပါးစပ်က လွှတ်ခနဲထွက်သွားတာကို သတိထားမိတဲ့အခါ ရိပေါ်က သူ့ကို အမည်တပ်ရခက်တဲ့ မျက်နှာပေးမျိုးနဲ့ ကြည့်နေပါတယ်။ ရိပေါ်ရဲ့ လက်မောင်းပေါ်က ကြက်သီးဖုလေးတချို့ကို တွေ့ရတဲ့အခါ သူ့မှာကြိတ်ပြီး အသည်းယားရရောပဲ။

If I...Where stories live. Discover now