(Unicode)
"မတွေ့ရတာကြာပြီ"
"အင်း"
"café တစ်ခုလောက် ခဏထိုင်ကြမလား"
"မင်းသဘော"
သူ့အလိုအတိုင်း နှစ်ယောက်လုံး ရုပ်ရှင်ရုံနဲ့နီးတဲ့ café တစ်ခုမှာ ဝင်ထိုင်ဖြစ်ကြတယ်။ ရုရှားဘာသာစကား တော်တော်ကျွမ်းနေပုံရတဲ့ ရှောင်းကျန့်က မှာစရာရှိတာတွေကို ဦးဆောင်ပြီး မှာသွားပါတယ်။
"အဆင်ပြေနေလား"
"တရုတ်မှာထက်တော့ အဆင်ပြေပါတယ်"
"အော်..."
သူ မနေတတ်ဘူး။ ရှောင်းကျန့်ဘက်က ရေခဲတုံးကြီးလို အေးစက်နေတာကို သူမနေတတ်ဘူး။ ဒီအခြေအနေက သူ့အတွက် အသစ်အဆန်းဖြစ်နေတယ်။ အရင်ကဆို ရှောင်းကျန့်က ကရားရေလွှတ်ပြောနေကျလေ။
"ငါအလုပ်ရှိသေးလို့။ မင်းပြောစရာမရှိတော့ရင် ငါသွားတော့မယ်"
"အမ်? သွားတော့မလို့လား"
"အေးလေ"
ရှောင်းကျန့်က ခွက်ထဲက hot chocolate တွေကို မြန်မြန်မော့ချပစ်တယ်။ ပြီးတာနဲ့ ပြန်ဖို့ပြင်ပါတော့တယ်။
"မင်း... ငါနဲ့မတွေ့ရတာ ၁၀ နှစ်ကျော်နေပြီလေ။ ပြောစရာတွေ အများကြီးရှိနေရမှာ မဟုတ်ဘူးလား"
"မင်းက ဘယ်တုန်းက နားထောင်ဖူးလို့လဲ"
ရှောင်းကျန့်မျက်နှာက တည်တံ့နေတယ်။ ဖြစ်နိုင်ရင် ဒီနေရာကနေ ချက်ချင်းထွက်သွားချင်သလိုမျိုး။ မျက်နှာမှာ သူ့ကိုတွေ့ရလို့ ပျော်ရွှင်တဲ့အရိပ်အယောင် တစ်စွန်းတစ်စမှ မရှိ။
"မင်း ငါ့ကို ချစ်သေးလား"
ဘာလို့မေးလိုက်မိတယ်ရယ် သူမသိ။ စိတ်ထဲမှာ ငှက်သိုက်တစ်ခုလိုပဲ ရှုပ်ထွေးနေတယ်။ ရှောင်းကျန့်ရဲ့ ပြောင်းလဲမှုကို သူ့ရဲ့ဦးနှောက်တစ်ခုလုံးက process မလုပ်နိုင်ဘူး။ မဖြစ်သင့်တဲ့ကိစ္စတစ်ခု ဖြစ်သွားသလိုပဲ သူ့ရင်ထဲ ခံစားနေရပါတယ်။
"ရိပေါ်။ ငါ အသက် ၂၀ ကျော်နေပြီ။ ဆယ်ကျော်သက်အရွယ်ကကိစ္စတွေ ပြန်မပြောပါနဲ့"
"... မင်းပဲငါ့ကို လတိုင်း ၅၂၀၀၀ ဆီပို့ပေးနေခဲ့သေးတယ်မဟုတ်ဘူးလား"
