(Unicode)
ရှောင်းကျန့်ဆိုတဲ့ သူ့ဘဝက မွေးကတည်းက အစစအရာရာ ပြည့်စုံတယ်။ ပိုက်ဆံလည်းရှိ၊ ရုပ်လည်းချော၊ စာလည်းတော်၊ မိဘတွေကလည်း အလိုလိုက်၊ ပြောရရင် လုံးဝ perfect ဖြစ်နေတာပေါ့။
ဟုတ်ရဲ့လား...။
"၂၀..."
"ေ-စာက်သုံးမကျတဲ့ကောင်! သွားတော့!"
"ဟုတ်..ကဲ့"
အလယ်တန်းပထမနှစ်အရွယ် ရှောင်းကျန့်က သူ့အဖေ လွှင့်ပစ်လိုက်တဲ့ report card ကို တိတ်တဆိတ်ကောက်ပြီး သူ့အဖေရဲ့ အခန်းထဲကနေ ထွက်လာလိုက်တယ်။ အဆင့်၂ ရမိလို့ အချက် ၂၀ အရိုက်ခံရတာ မျှတရဲ့လား...။
ကျလာတဲ့မျက်ရည်တွေကို လက်ခုံနဲ့ သုတ်ပြီး သူ့အခန်းထဲကို ပြန်ဝင်လာလိုက်တယ်။ အခန်းပြတင်းပေါက်ကတစ်ဆင့် လှမ်းကြည့်တော့ ဘေးက ဝမ်မိသားစုက သူတို့သားလေး အဆင့် ၁ ရလို့ ပျော်ပွဲရွှင်ပွဲလုပ်နေကြတယ်။
ဘယ်လောက်ကြာမှန်းမသိတဲ့အထိ သူအဲ့ဒီမြင်ကွင်းကို ငေးကြည့်နေမိတယ်။ သူ့ရဲ့ သူငယ်ချင်းအသစ်လေး ဝမ်ရိပေါ်ကလည်း ရယ်ရင်းမောရင်းနဲ့ မိဘတွေ ပေးသမျှအချစ်တွေအကုန် ပျော်ပျော်ကြီးယူနေပါတယ်။
သေချာပေါက် သူမရနိုင်တဲ့ဘဝမျိုး...။
_____
နွေးထွေးမှုဆိုတဲ့အရာကို ခံစားဖူးချင်တဲ့ ရှောင်းကျန့်က ဝမ်မိသားစုဆီ နေ့တိုင်းသွားတယ်။ သူငယ်ချင်းလေး ဝမ်ရိပေါ်ကိုလည်း ပျော်အောင်ထားတယ်။ ဝမ်ရိပေါ်ဆီက ဘယ်လောက်ပဲ အနိုင်ကျင့်ခံရပါစေ၊ သူသိတာ ဒီအိမ်ကို ရောက်နေရင် သူအရမ်းပျော်ရတယ်ဆိုတာပဲ။အထက်တန်းပထမနှစ်။
ရိပေါ်နဲ့ သူ့ကြားက ဆက်ဆံရေးက တဖြည်းဖြည်းအလှမ်းဝေးသွားသလို ခံစားရတယ်။ သူ့အမှားလို့ပဲ ယူဆတဲ့အတွက်ကြောင့် ရှောင်းကျန့်က အရင်ကထက် နှစ်ဆပိုပြီး ရိပေါ်နားကို ကပ်တယ်။ မုန့်တွေဝယ်ကျွေးတယ်။ Stationary ပစ္စည်းတွေ လိုက်ဝယ်ပေးတယ်။ အဲ့လိုနဲ့ ရိပေါ်နဲ့ သူ့ကြားက ဆက်ဆံရေးကို အတင်းလုပ်ယူခဲ့တယ်။တစ်ချိန်ထဲမှာပဲ သူ့မိသားစုရဲ့ နှိပ်စက်မှုမှန်သမျှကိုလည်း သူခံရတယ်။ သူစိတ်မဝင်စားတဲ့ အားကစားပြိုင်ပွဲတွေကိုလည်း ဝင်ပြိုင်ရတယ်။ ဆုမဝင်ဘူးလား။ အဲ့နေ့ သူပက်လက်လှန်ပြီး အိပ်မရတဲ့နေ့ပဲ။
