15)

492 46 16
                                    

(Unicode)

စားသောက်ဆိုင်မှာ တူတူနေ့လည်စာစားပြီးတဲ့နေ့ကစပြီး အနည်းဆုံး တစ်ပတ်တစ်ခါလောက် သူတို့တွေ့ဖြစ်ကြတယ်။ သူ့ရဲ့ မရိုးနိုင်တဲ့ အကြောင်းပြချက်တွေအောက်မှာ ရှောင်းကျန့်လည်း မလွှဲသာဘဲ သူဆွဲခေါ်ရာ ပါလာရတာပါပဲ။

"ရှောင်းကျန့်၊ ဒီည club တူတူတက်ရအောင်"

"ငါမလိုက်ဘူး"

"မင်းလိုက်မလာရင် ငါတစ်ညလုံး အိမ်မပြန်ဘူးနော်"

"ဝမ်ရိပေါ်! မင်း-"

*တီ*

ဖုန်းကို တီကနဲမြည်အောင်ချပြီးတဲ့နောက် သူ့မျက်နှာမှာ လူယုတ်မာအပြုံးလို့ အမည်တပ်လို့ရတဲ့ အပြုံးကြီးကြီး ပေါ်လာတယ်။ ရှောင်းကျန့်က သူ့ကိုစိတ်မပူဘဲမှ မနေနိုင်တာလေ။ နှစ်တွေဘယ်လောက်ကြာကြာ ရှောင်းကျန့်ရဲ့ အားနည်းချက်က သူဖြစ်နေတုန်းပဲ။

"ဆိုတော့ကားး အလုပ်လေးမြန်မြန်လုပ်ပြီး အလုပ်ဆင်းကြရအောင်"

နာရီကိုကြည့်တော့ ၃ နာရီ။ အလုပ်ဆင်းချိန်က ၅ နာရီ။ ၂ နာရီအတွင်း ဒီအလုပ်တွေကို အပြီးသတ်နိုင်ပါ့မလားဆိုရင်တော့ သတ်နိုင်ပါတယ်။ ဘာလို့ဆို ရှောင်းကျန့်ဆိုတဲ့ motivation ကြီးတစ်ခုလုံး အနားမှာရှိနေတာပဲလေ။
_____
Club ကိုရောက်တော့ ထုံးစံအတိုင်း နှစ်ခွက်သုံးခွက်သောက်ပြီးတာနဲ့ dance floor မှာ ဝင်ကဲတယ်။ တနေကုန် အလုပ်မှာ ကွန်ပျူတာရှေ့ ငုတ်တုပ်ထိုင်ပြီး အာရုံစိုက်ခဲ့ရသမျှအတွက် တင်းနေတဲ့အကြောတွေကို တစ်ဝကြီး ဖြေလျှော့ပစ်လိုက်တယ်။

Club ရဲ့ ပုံမှန် customer လိုဖြစ်နေတဲ့သူ့ကို တော်တော်များများက မျက်မှန်းတန်းမိနေကြပြီ။ Bartender ကအစ DJ သမားအဆုံး သူနဲ့သူငယ်ချင်းဖြစ်လုနီးနီး ရင်းနှီးနေကြပြီ။

"(ဝမ်တရုတ်လေး၊ ဒီနေ့တစ်ယောက်ထဲလား)"

"(သူငယ်ချင်းလာမှာ)"

ဒီ club မှာ တော်တော်များများက သူ့ကို “ဝမ်တရုတ်လေး” ဆိုပြီး ခေါ်ကြတယ်။ ပြီးတော့ သူသတိထားမိလောက် ရှောင်းကျန့်ကိုတော့ နည်းနည်းရှိန်ကြတယ်။ ရှိန်ဆို အဲ့ရှောင်းကျန့်က လာလိုက်တိုင်း suit အပြည့်နဲ့လေ။

If I...Where stories live. Discover now