11)

512 56 6
                                    

(Unicode)

အနေအေးလွန်းတဲ့ သူ့လို‌လူက ရန်ထဖြစ်တယ်ဆိုတဲ့ သတင်းက တစ်ကျောင်းလုံးမှာ ပွဲဆူသွားတယ်။ နောက်ဆုံးနေ့ဖြစ်တာကြောင့် ကံကောင်းစွာနဲ့ပဲ ခံဝန်ကတိမထိုးလိုက်ရဘူး။ အင်း... ကံကောင်းတယ်လို့တော့ ဘယ်ခေါ်မလဲ။

"နောက်လလယ်‌ကျရင် မင်းအမေလာခေါ်လိမ့်မယ်"

"ဗျာ?"

"ရှောင်းကျန့်၊ မင်းကို ငါမသတ်မိအောင် ဘယ်လောက်စိတ်ထိန်းနေရလဲဆိုတာ မင်းသိလား"

"....."

သူ့အဖေရဲ့ အံကြိတ်သံကြောင့် အကြည့်လွှဲရင်း တံတွေးသာ မျိုချမိပါတယ်။ အဲ့ဒီနောက်ပိုင်း တစ်လမ်းလုံး သူ့အဖေက ဘာတစ်ခွန်းမှ မပြောတော့ဘူး။ ဆိုပေမယ့်လည်း တင်းကြပ်လွန်းလို့ ပေါက်ထွက်မတတ်ဖြစ်နေတဲ့ လက်သီးဆုပ်တွေကို ကြည့်ရုံနဲ့ သူ့အဖေရဲ့ ဒေါသကို သူခန့်မှန်းနိုင်နေပါပြီ။

အိမ်ကို မြန်မြန်ပြန်မရောက်ပါစေနဲ့လို့ ဆုတောင်းရင်းသာ သူ့မှာ သက်ပြင်းချမိပါတော့တယ်။
_____
"Project Q တောင် ရအောင်မယူနိုင်လိုက်တာ အဲ့ဒီကောင်လေးကြောင့်တဲ့လား! ဟမ်!"

ထင်ထားတဲ့အတိုင်း အိမ်ထဲကို ဝင်ဝင်ချင်းမှာပဲ လာဘ်ခေါ်ကြောင်ရုပ်က သူ့ခေါင်းတည့်တည့်ကို လာမှန်တယ်။

"‌‌ေ-စာက်ရုံးခန်းရောက်တာလည်း သူ့ကြောင့်ပဲ!"

ရှောင်းကျန့် ကြောက်လန့်တကြား သူ့အဖေကို မော့ကြည့်မိတယ်။ ရုံးခန်းရောက်တာ ရိပေါ်ကြောင့်မှန်း သူ့အဖေက ဘယ်လိုသိနေရတာလဲ။ အဲ့ဒါက သူတို့ကြားက သဘောတူညီမှုလေ။

"ဘာလဲ? ငါသိနေလို့ အံ့ဩသွားတာလား။ ရှောင်းကျန့်ရယ်၊ ငါမင်းအဖေပါကွ"

*ခွမ်း*

"ကားထဲမှာ အသံဖမ်းစက်တစ်လုံးထည့်ဖို့ဆိုတာ ငါအတွက် ပင်ပန်းတဲ့ကိစ္စမဟုတ်ဘူး၊ မင်းသိရဲ့လား"

အရာရာပေါ့ဆမိတဲ့ သူ့ကိုယ်သူပဲ အပြစ်တင်ရင်းသာ သက်ပြင်းချမိပါတယ်။ တစ်ချက်ကလေး လွတ်သွားမိခြင်းရဲ့ နောက်ဆက်တွဲကိုတော့ သူအကြီးအကျယ်ခံရတော့မှာပဲ။

If I...Where stories live. Discover now