5)

491 41 6
                                    

(Unicode)

လေးနာရီလောက်ကြာတဲ့အခါ သူအခန်းအပြင်ကို ထွက်လာလိုက်တယ်။ ဒါပေမယ့်လည်း ရှောင်းကျန့်ကို မတွေ့ရဘဲ အထုပ်ကြီးအထုပ်ငယ်ပေါင်းများစွာနဲ့ ဆိုင်ပြန်သွင်းလို့တောင်ရတဲ့ မုန့်တွေ၊ အအေးတွေကိုပဲ တွေ့ရပါတယ်။

"ကလေးကလားနဲ့.."

သူ့အခန်းအပြင်မှာ စောင့်နေတဲ့ ရှောင်းကျန့်ကို မြင်ချင်နေခဲ့တာမို့လို့ ဖြစ်ပါလိမ့်မယ်။ အခု မမြင်ရတော့ စိတ်ထဲကလိကလိနဲ့။ တခုခုဖြစ်တိုင်း မုန့်နဲ့ချော့‌နေရအောင် သူက ကလေးလည်းမဟုတ်ပါပဲလေ။

အလိုက်မသိလိုက်တဲ့ ရှောင်းကျန့်...။
_____
အဲ့နေ့ကစပြီး ရှောင်းကျန့်က သူ့အိမ်ကို သိပ်မလာတော့ဘူး။ သူမေးရင်လည်း ‘စာမေးပွဲအတွက် စာလုပ်နေတာ’ ဆိုတဲ့အဖြေပဲ ထွက်လာတယ်။ အိမ်ကိုသာမလာတာ မုန့်ကတော့ နေ့တိုင်းလာတယ်။ ‘စာလုပ်ရင်းစား’ ဆိုပြီး note တွေနဲ့အတူ မုန့်မျိုးစုံက သူ့ဆီ နေ့တိုင်း ရောက်လာတတ်ပါတယ်။

"သားလေး၊ သေချာဖြေခဲ့နော်။ ဒီနေ့နောက်ဆုံးမလား"

"ဟုတ်။ စိတ်ချပါ မား"

မားကို နှုတ်ဆက်ပြီး စက်ဘီးလေးဆွဲကာ ခြံရှေ့ထွက်တော့ ဟိုဘက်ခြံကနေ ထွက်လာတဲ့ ကားအနက်ကို တွေ့တယ်။ အဲ့ကားပေါ်က ရှောင်းကျန့်ကိုရောပေါ့။

"ရိပေါ်... ငါနဲ့လိုက်ခဲ့လေ"

"အင်း"

သူလည်း စက်ဘီးကို ချက်ချင်းပြန်သွင်းပြီး ရှောင်းကျန့်ကားထဲ ဝင်ထိုင်လိုက်ပါတယ်။ ကျောင်းသွားတဲ့လမ်းတလျှောက်လုံး သူတို့စကားမပြောဖြစ်ကြဘူး။ ‌အရှေ့က ဒရိုင်ဘာဦးလေးကလည်း ဒီအခြေအနေကြီးကို နေရခက်နေပုံပါပဲ။

"ဦးလေး။ ကျောင်းနားမရောက်ခင် လမ်းကွေ့မှာ ခဏရပ်ပြီး ဆေးလိပ်လေး ဘာလေးထွက်သောက်ပါလား"

"အော်၊ သိပါပြီ သခင်လေး"

လမ်းအကွေ့မှာ ဒရိုင်ဘာဦးလေးကြီးက ကားရပ်၊ မှန်တွေအကုန်တင်ပြီး ကားပေါ်က ဆင်းသွားတယ်။ နေပါဦး၊ အဲ့ဦးလေးကြီးကို ပထုတ်ပြီး ရှောင်းကျန့်က ဘာလုပ်မလို့လဲ။

If I...Where stories live. Discover now