17)

407 47 4
                                    

(Unicode)

သေချာပေါက် Shocked ဖြစ်သွားတဲ့ ရှောင်းကျန့်က  မျက်တောင်ခတ်ဖို့ မပြောနဲ့၊ အသက်ရှူဖို့တောင် မေ့နေတဲ့လူလိုမျိုး နှစ်မိနစ်လောက် ထိုင်နေပြီးတဲ့နောက်မှာတော့ ဘေးပတ်ဝန်းကျင်က အောက်ဆီဂျင်တွေအကုန် ပါသွားတယ်လို့ ထင်ရလောက်တဲ့အထိ အသက်ကိုရှူပစ်ပါတယ်။

"မင်းပြောလိုက်တဲ့စကားရဲ့ အဓိပ္ပာယ်ကို မင်းကိုယ်တိုင်ရော သိရဲ့လား"

"အင်း"

"သေချာရဲ့လား"

"သေချာတယ်"

"ငါ့မှာ protection မပါဘူး"

"Raw ‌လည်းရပါတယ်"

"မင်းရလည်း ငါမရဘူး"

ရှောင်းကျန့်က သူ့ကို ခါးကနေ ဆွဲ‘မ’ပြီး ဘေးနားက ဆိုဖာပေါ် နေရာတကျတင်ပေးတယ်။ ပြီးတော့ သူ့ဘေးမှာ ဝင်ထိုင်ပါတယ်။

"မင်းအရင်က s•x လုပ်ဖူးလား"

"ဟင့်အင်း။ 27 years old virgin ကြီးလေ"

"အင်း။ မင်းရဲ့ first time ကို ပေါ့ပျက်ပျက်ယူဖို့ စိတ်ကူးမရှိဘူး ရိပေါ်။ အဲ့ဒါကြောင့် ဒီညသောက်ပဲသောက်ကြရအောင်"

"ဒါဆို နမ်း"

"အင်း"

‌လွန်ခဲ့တဲ့တစ်နာရီကျော်လောက်က သောက်စရာ၊ စားစရာဝယ်နေခဲ့တဲ့ ဝမ်ရိပေါ်နဲ့ ရှောင်းကျန့်က အခုချိန်မှာ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ နှုတ်ခမ်းချင်း စစ်ခင်းနေမယ်ဆိုတာကို ဘယ်လိုမှ စိတ်ကူးမိခဲ့ကြမှာမဟုတ်ဘူး။ သူကိုယ်တိုင်လည်း ဘာလို့ဒီလောက်ထိ ရှောင်းကျန့်နဲ့ ထိတွေ့ချင်နေမှန်း စဉ်းစားလို့မရဘူး။ သူသိတာကတော့ ဖြစ်ပျက်သွားတာတွေက အရမ်းရုတ်တရက်ဆန်လွန်းတယ်ဆိုတာပါပဲ။

"ငါအရမ်း try ချင်တာရှိတယ်။ လုပ်လို့ရမလား"

"အင်း"

သူ့ဆီက ခွင့်ပြုချက်ရတာနဲ့ လည်ပင်းတစ်လျှောက်ဆင်းသွားတဲ့ ရှောင်းကျန့်ရဲ့ နှုတ်ခမ်းတွေက တရွရွ။ အဲ့တာတင်မက ဝတ်ထားတဲ့ တီရှပ်ကို ဘေးဘက်ဆွဲပစ်ရင်း ပေါ်လာတဲ့ ညှပ်ရိုးကိုလည်း တတိတိကိုက်ပြန်တယ်။ မိနစ်အနည်းငယ်ကျတဲ့အထိ စိတ်အလိုကျ လုပ်ပြီးတဲ့အခါ ရှောင်းကျန့်က ဖုန်းကိုထုတ်ပြီး ဓာတ်ပုံရိုက်တယ်။

If I...Where stories live. Discover now