16)

509 51 16
                                    

(Unicode)

အဲ့နေ့ကစပြီး ရှောင်းကျန့်က သူ့ကိုအဆက်အသွယ်ဖြတ်ပစ်တယ်။ သူဖုန်းဆက်ရင်လည်း မကိုင်၊ သွားတွေ့ရင်လည်း ငြင်းနေတဲ့အပြင် လူလုံးတောင် ထွက်မပြဘူး။

"(Director Sean က အစည်းအဝေးတနေကုန်ရှိလို့ နောက်နေ့မှ ပြန်လာခဲ့ပါ)"

Receptionist က မမောနိုင် မပန်းနိုင်ပါဘဲ ဒီစကားကို ထပ်ပြောပြန်တယ်။ သုံးလေးရက်ဆက်တိုက် ကုမ္ပဏီရှေ့လာနေတဲ့သူ့ကို Reception က လူတွေကလည်း မှတ်မိနေပြီထင်ပါရဲ့၊ အားနာသလို ပြုံးပြကြတယ်။

"(ကျေးဇူးပါ)"

ရရာနည်းမှန်သမျှကို ကြိုးစားပေမယ့်လည်း အရာမထင်တဲ့အခါ ရိပေါ်လည်း လက်လျှော့ချင်လာတယ်။ တစ်ချိန်ထဲမှာပဲ အဲ့ဒီနေ့ညက ရှောင်းကျန့်ရဲ့ပုံစံကို မျက်လုံးထဲမြင်ယောင်မိပြန်တော့ သူပင်ပန်းတာထက် အဆပေါင်းများစွာ ပိုပင်ပန်းခဲ့ရတဲ့ ရှောင်းကျန့်ကို အားနာစိတ်က ဝင်လာပြန်ပါတယ်။

ဒါကို “အချစ်” လို့ခေါင်းစဉ်တပ်လို့ မရတာတော့ သူသိတယ်။ သူ့ဘဝမှာ အချစ်ဆိုတာမျိုးကို တိတိကျကျ definition မဖွင့်ဖူးဘူး။ အဲ့ဒါကြောင့် အချစ်ကို ခံစားဖို့ဆိုတာ လက်ရှိမှာ မဖြစ်နိုင်သေးဘူးလို့ပဲ ယူဆတယ်။

‘ရှောင်းကျန့်ခံယူထားတဲ့ အချစ်ဆိုတာ ဘယ်လိုမျိုးလဲ’

ဒီမေးခွန်းကို သူ့ကိုယ်သူ ခဏခဏမေးမိတယ်။ ‘အချစ်’ ဆိုတာရဲ့နောက်မှာ ‘ပေးဆပ်ခြင်း’ တွေက ပါလာတာ ထုံးစံပဲလား။ သူ့ရဲ့ ရှုထောင့်ကကြည့်မယ်ဆိုရင် ရှောင်းကျန့် သူ့ကိုချစ်တဲ့အချစ်က unhealthy ဖြစ်လွန်းတယ်လို့ပဲ ယူဆမိတယ်။ တစ်ချိန်ထဲမှာပဲ ရှောင်းကျန့်ခံစားနေရတာကို သိတဲ့တိုင် ပြန်မချစ်ပေးနိုင်တဲ့ သူ့ကိုယ်သူလည်း မေးခွန်းထုတ်မိပါတယ်။

‘ဘာလို့လဲ’ ဆိုပြီးတော့ပေါ့။
_____
"ရှောင်းကျန့်။ မင်းဖုန်းမကိုင်ရင် မင်းအမေဆီ ငါသွားတွေ့မယ်"

Voicemail ပို့ပြီးတဲ့အခါ သက်ပြင်းမောတစ်ခုကို ချမိတယ်။ အဆက်အသွယ်ပြတ်တာ နှစ်ပတ်ပြည့်ပြီဖြစ်တာမို့ သူ့ရဲ့နောက်ဆုံးသော ရွေးချယ်စရာက ဒါပဲရှိပါတော့တယ်။

If I...Where stories live. Discover now