အခန်း(၁)

3.7K 329 2
                                    

အခန်း(၁) ကူးပြောင်းသွားခြင်း


လီကျင်၏ခေါင်းသည် မူးဝေနေ၏။ သို့သော်လည်း မကြာမီခင်ပင် သူ့ဗိုက်သည် တဆတ်ဆတ်တုန်ယင်လာကာ သူ လုံး၀နိုးလာလေ၏။

" ဝေါ့..."

ဗိုက်ထဲရှိ အစာနှင့် အရည်များ အန်ထုတ်လိုက်ပြီးနောက် သူ ပိုသက်တောင့်သက်သာ ရှိသွားလေ၏။

သို့သော် အရသာကတော့...တကယ်ဆိုးလေ၏။

ဒါက ဘယ်နေရာပါလိမ့်။

လီကျင်သည် သူ အိပ်မက် မက်နေသည်ဟု သံသယ၀င်နေခဲ့၏။ သူ အလုပ်ဆင်းပြီးနောက် အိမ်ပြန်တော့မည်ဖြစ်၏။ သူ ဘယ်လိုလုပ်...

ဒါနဲ့၊ သူ့ကားကို ထရပ်ကားကြီးတစ်စီးက တိုက်သွားတာပဲ။

သို့သော် အရက်နာကျခြင်းကြောင့် ဖြစ်ပေါ်လာသော ဟာတာတာဖြစ်နေခြင်းနှင့် အားနည်းခြင်းမှလွဲ၍ တခြားနာကျင်မှုမရှိနေပါချေ။

သူ ရှင်းရှင်းလင်းလင်း မတွေးနိုင်ခင်မှာပဲ ကြမ်းတမ်းသည့် အသံတစ်ခု ထွက်ပေါ်လာလေ၏။

" အာ၊ ငါ့လှည်း၊ လီကျင်၊ မင်းရဲ့ဖုလန်က ကလေးမွေးနေပြီမို့ လောင်ဇီက မင်းကို စားသောက်ဆိုင်ကနေ ပြန်ဆွဲထုတ်ဖို့ ခွန်အားရှိသမျှသုံးခဲ့ရတယ်၊ မင်းကတော့ လောင်ဇီရဲ့ နွားလှည်းထဲကို တိုက်ရိုက်အန်ချလိုက်တယ်ပေါ့လေ  "

သူ့အောက်ရှိ အဖုအထစ်များနှင့် သူ့ပတ်ဝန်းကျင်ရှိ မနှစ်မြို့ဖွယ်ရနံ့များသည် ဖြစ်ပျက်ခဲ့သည့်အရာများကို သတိရသွားစေ၏။

ထိုလူသည် အရပ်ရှည်ပြီး သန်မာသော်လည်း မျက်နှာသည် အာဟာရချို့တဲ့ခြင်းကြောင့် ပိန်ပါးနေလေ၏။

လီကျင် အလွန်နားမလည်နိုင်ချေ၊ ဒီလူက ဘယ်သူလဲ။ သူဘာတွေပြောနေတာလဲ။

"ကောင်းပြီ၊ လီကျင်၊ ငါ ပြောမယ်။ လောင်းကစား၊ပိုက်ဆံနဲ့ အရက်သောက်တာက မင်းရဲ့ဖုလန်နဲ့ မင်းရဲ့ကလေးထက် ပိုအရေးကြီးတယ်လို့ ထင်နေတာပဲ၊ ဟုတ်တယ်မလား။ "

ထိုလူသည် ခေတ္တရပ်တန့်သွားပြီး သူ့ရှေ့ရှိ အရက်မူးနေသည့် လီကျင်ကို သနားစိတ်နှင့် ကြည့်နေလေကာ ပြောလိုက်၏။ " ဒါပေမယ့်လည်းကွာ၊ မီးဖွားနေချိန်မှာ ‌သူက ကလေးယူဖို့ တစ္ဆေတံခါးကို ဖြတ်လျှောက်နေရတာလေ။ ပြီးတော့ အဲ့ဒါကလည်း မင်းရဲ့ကလေးကိုလေ။ ဒီအချိန်မှာ မင်းက ပင်မအခန်းမှာတောင် မနေနိုင်ဘူး "

The Transmigrated Li Jin's Daily Farming Life《Myanmar Translation》Where stories live. Discover now