အခန်း(၁၇)

1.7K 272 2
                                    

အခန်း(၁၇) နို့တိုက်ကျွေးခြင်း

လီကျူး‌ဇီက သူ့ကောလေးသည် နို့တိုက်နိုင်သည်ဟု ပြောသည်ကို ကြားခဲ့ကတည်းက လီကျင်သည် အာရုံစိုက်နေခဲ့လေ၏။

တမြန်နေ့ကပင် နို့တိုက်ကျွေးသည့်အကြောင်း မေးဖို့ ရွာထဲရှိ မစ္စတာ၀မ်ကို ဝက်ခြေထောက်တစ်ခုပေးခဲ့၏။

မစ္စတာ၀မ်သည် ကောတစ်ဦးဖြစ်သော်လည်း သူသည် အသက်ကြီးလာသည်နှင့်အမျှ ကလေးမွေးခြင်း လက်သည်ပညာကို သင်ယူတတ်မြောက်လာခဲ့သည်။ မြို့ထဲ နှင့် လင်ရွာတွင် ကလေးရှိသည့် ကောများရှိပါက များသောအားဖြင့် သူ့ကို ရှာကြ၏။

သို့သော် ချင်မုဝမ်မွေးသည့်နေ့၌ တိုက်ဆိုင်မှုတစ်ခုကြောင့် မစ္စတာ၀မ်သည် ကလေးမွေးဖို့ ဘေးရွာကို သွား‌နေခဲ့လေ၏။

လီကျင်ပြန်လာဖို့ အခွင့်အရေးသာ မရှိပါက၊ သူ့ကို တကယ်သေသွားစေနိုင်လေ၏။

မစ္စတာ၀မ်သည် ထိုလူသည် လီကျင်ဖြစ်သည်ကို မြင်ပြီး၊ သူ့ဖုလန်သည် ကလေးမွေးထားကာစဖြစ်ကြောင်း သိလိုက်၏။

သံသယမ၀င်တော့ဘဲ ဝက်ခြေထောက်ကို ယူလိုက်ပြီးနောက် သူသည် ပြုံးပြီး သတိထားစရာများစွာကို ပြောပြခဲ့လေ၏။

“ကော၊ ဒီခန္ဓာကိုယ်က ခွန်အားနဲ့ ကြံ့ခိုင်မှုအရ ယောက်ျားတစ်ယောက်ထက် ညံ့တယ်။ ကလေးကို ကျွေးမွေးပြုစုစောင့်ရှောက်တဲ့အခါမှာကျတော့လည်း အမျိုးသမီးတွေထက် နိမ့်ကျနေပြန်ရော။ အဲဒါကြောင့်မို့ အခုဆို ကောကို အလေးအနက်မထားကြဘူး"

လီကျင်သည် မျက်မှောင်ကြုတ်လိုက်၏။ သူ့အမြင်တွင် ယောက်ျားတစ်ယောက်ဖြစ်စေ၊ မိန်းမဖြစ်စေ ကောဖြစ်စေ၊ သူတို့အားလုံးသည် လူသားများဖြစ်ကြ၏။ ထို့အပြင် လိင်ကြောင့် အခြားသူများကို နှိမ့်ချသော အခြေအနေမျိုး မဖြစ်သင့်ချေ။

သို့သော် ဤခေတ်တွင် ကော၏ နိမ့်ပါးသောလူမှုအဆင့်အတန်းသည် အခြေခံအားဖြင့် အမျိုးသမီးများတွင် နိမ့်ကျသော လူမှုအဆင့်အတန်းရှိသည့် ရှေးခေတ်ကာလနှင့် သူ့နေထိုင်ခဲ့သည့်နေရာကနှင့် အတူတူပင်ဖြစ်ချေ၏။

The Transmigrated Li Jin's Daily Farming Life《Myanmar Translation》Where stories live. Discover now