အခန်း(၁၁)

2.1K 335 9
                                    

အခန်း(၁၁) ပိုက်ဆံရှာခြင်း

ယမန်နေ့က လီကျင်သည် သူ့လက်ရည်ကို ပြပြီးကတည်းက လီကျူးဇီ၏ခြေထောက်ကို ကုသပေးခဲ့သည်။

လီကျူးဇီ၏နှလုံးသားထဲတွင် လီကျင်၏ အနေအထားသည် ရုတ်တရက် မြင့်မားလာခဲ့လေ၏။

ယခင်က လီကျင်သည် လီကျူးဇီ၏ စိတ်ထဲ၌ နံရံကိုပင် မထောက်နိုင်သော ရွှံ့ဗွက်အိုင်ဖြစ်ခဲ့လျှင် ယခုမူ လီကျင်၏ အလုပ်လုပ်သည့်ပုံစံသည် အရည်ချင်းရှိသောကောင်လေးဟု ပြန်လည်သတ်မှတ်နိုင်လေသည်။

ခုနစ်နာရီကျော်နေပြီဖြစ်ကာ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများသည် လမ်းဘေးတစ်ဖက်၌ ဝါးခြင်းတောင်းများ ထမ်းကာလာနေကြပြီဖြစ်သည်။

သူတို့သည် သူတို့၏ကြက်ဥများ သို့မဟုတ် ချည်ထိုးထားသည့် ပိုက်ဆံအိတ်များကို မြို့ထဲသို့ ပိုက်ဆံနှင့်ရောင်းရန် ယူဆောင်လာကြလေ၏။

မိသားစုတွင် အဓိကလုပ်သားအင်အားမှာ လူလတ်ပိုင်းနှင့် လူငယ်များဖြစ်ပြီး ယခုအခါ သူတို့၏လယ်ကွင်းများတွင် ဂျုံရိတ်သိမ်းရန် အလုပ်များနေကြလေသည်။

မတိုင်ခင်က လီကျင်သည် ပူပြင်းသောရာသီဥတုအရ ဇွန်လဖြစ်သင့်သည်ဟု ဆုံးဖြတ်ခဲ့သည်။ ယခုတွင် ရွှေရောင်ဂျုံပင်များနှင့် လူတိုင်းအလုပ်လုပ်နေကြသည်ကို မြင်တွေ့နေရသည်။

လီကျင်သည် ဇွန်လသည် အလုပ်များသော စိုက်ပျိုးရေးလုပ်ငန်းရာသီဖြစ်ကြောင်း ပိုသေချာသွားသည်။

ရွာမှထွက်လာပြီး၊ ဖုန်ထူသော မြေသားလမ်းပေါ်ကို ငါးမိနစ်လောက် လာပြီးနောက်၊ မနေ့က အဝတ်လျှော်သည့် မြစ်ကို ပထမဆုံးတွေ့လိုက်ရလေသည်။

နောက် လမ်းနှစ်ဖက်၌ ရွှေရောင်ဂျုံခင်းများ ရှိလေ၏။

လီကျင်သည် အခြေခံအားဖြင့် လယ်ကွင်းအားလုံးကို ဂျုံများ စိုက်ပျိုးထားသော်လည်း ကွဲပြားမှုများရှိနေသေးကြောင်း တွေ့ရှိခဲ့သည်။ လယ်ကွက်အနည်းငယ်ရှိ ဂျုံပင်များကြီးထွားမှုသည် အထူးကျေနပ်စရာဖြစ်သည်။

ဂျုံနှံတစ်ခုစီသည် အစေ့အဆန်များနှင့် ပြည့်နေပြီး အနီးနားရှိ လယ်ကွင်းများထက် ဂျုံပင်များ ပိုကြီးထွား‌လေသည်။

The Transmigrated Li Jin's Daily Farming Life《Myanmar Translation》Where stories live. Discover now