အခန်း(၈)

2.1K 321 4
                                    

အခန်း (၈) ဆိတ်နို့

လိီကျူးဇီသည် များသောအားဖြင့် လီကျင်ကို ဂရုစိုက်လေ့ရှိသည်ကို လူတိုင်းသိကြ၏။ တခါတရံ လီကျင်သည် ရွာသားများနှင့် ငြင်းခုံသောအခါ လီကျူးဇီသည် ညှိနှိုင်းရန် ရောက်လာလိမ့်မည်ဖြစ်သည်။

သို့သော် တကယ်တော့ မူလပိုင်ရှင်လီကျင်သည် သတ္တိကြောင်၊ ရှက်တတ်ပြီး အသိုက်ထဲတွင် နေရရုံကလွဲ၍ တခြားအရည်အချင်း မရှိပါချေ။

ထို့ကြောင့်  သူသည် ကြီးကြီးမားမား အဖြစ်အပျက်များကို မဖြစ်စေနိုင်ချေ။ လီကျူးဇီသည် ရွာထဲတွင် အလွန်နာမည်ကြီးပြီး သူသည် အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည်။

သို့သော် ဤတစ်ကြိမ်မှာတော့ လီကျူးဇီသည် တကယ်ပင် လီကျင်ကို ဆုပ်ကိုင်ထားလေ၏။

ဉာဏ်ကြီးရှင်ဆရာဝန်ကို လူတိုင်းတွေးနေကြပြီး၊ ဤကောက်ရိုးအိတ် လီကျင်ဖြစ်နိုင်ပါ့မလား။

လျှာအရိုးမရှိ လျှောက်ပြောမနေနဲ့။

လီကျူးဇီသည် တခြားလူများ မယုံကြသည်ကိုတွေ့ပြီး စကားအများကြီး မပြောခဲ့ချေ။

လီကျင်သည် သူ့အတွက် မှန်ကန်စွာအရိုးပြင်မပေးခဲ့ပါက၊ သူလည်း မေးခွန်းထုတ်မိမည်ဖြစ်ကာ၊ လီကျင်တွင် ဤအရည်အချင်းရှိသည်ဟု ယုံကြည်လိမ့်မည်မဟုတ်ချေ။

လီကျူးဇီသည် လီကျင်၏အိမ်တံခါးဝသို့ နွားလှည်းကိုဆွဲသွားပြီး၊ လီကျင်သည် သူ့အဝတ်လျှော်ဇလုံကို ကောက်မလိုက်ပြီး ပြောလိုက်၏။ "ကျေးဇူးတင်ပါတယ်"

" ကျေးဇူးတင်ပါတယ်တဲ့လား၊ တကယ်လို့ ပြောရမယ်ဆို ကျေးဇူးတင်ရမယ့်သူက မင်းမဟုတ်ဘူး ငါကသာ ကျေးဇူးတင်ရမှာ။ မင်းကြောင့်သာမဟုတ်ရင် ငါ့ခြေထောက်ကို သေချာပေါက် နှစ်ရက်လောက် ချည်ထားရလိမ့်မယ်။ မနက်ဖြန် ငါ တောင်ပေါ် ဝင်နိုင်မှာမဟုတ်ဘူး"

နှစ်ယောက်သား နှုတ်ဆက်ပြီးနောက် လီကျင်သည် အိမ်ထဲသို့ ဝင်သွားလေသည်။

လီကျင်၏အိမ်သည် သေးငယ်သောကြောင့် ခြံဝင်းသည် ပိုမိုကြီးမားပုံပေါ်နေ၏။ မီးဖိုချောင်ရှေ့တွင် တံတိုင်းနားတွင် ရေတွင်းတစ်တွင်းရှိလေသည်။

The Transmigrated Li Jin's Daily Farming Life《Myanmar Translation》Where stories live. Discover now