အခန်း(၁၃)

2K 327 1
                                    

အခန်း(၁၃) အကြွေးဆပ်

ချင်မုဝမ်သည် ကလေးလေးကို ပွေ့ဖက်ထားပြီး လီကျင်၏မျက်နှာကို မကြည့်ရဲတော့ချေ။

သူသည် မိသားစုအား ထောက်ပံ့ရန် ဤအပ်ချုပ်အလုပ်များနှင့် ပြုပြင်ပေးခြင်း လုပ်နေသော်လည်း၊ သူ့ ရည်ရွယ်ချက်သည် ကောင်းမွန်သော်ငြား အနားယူဖို့ လီကျင်ပြောခဲ့သည်ကို ဆန့်ကျင်ခဲ့ခြင်းဖြစ်သည်။

ရန်လိုတတ်သည့်ဖုလန်သာ ဖြစ်ပါက အပြစ်ရှိသလို မခံစားရုံသာမကဘဲ “ဒါက ငါတို့မိသားစုကောင်းဖို့ အတွက်လုပ်တာ”  ဟု ကျယ်လောင်စွာအော်ဝံ့ပေလိမ့်မည်။

သို့သော် ချင်မု၀မ်သည် သူက‌လေးဘ၀ကတည်းက ၀န်ကြီးမိသားစုတွက် မွေးဖွားခဲ့ပြီး သူ့ဖခင်(爹爹- diēdiē) သည် ၀န်ကြီးအိမ်တော်၏သခင်ဖြစ်၏။ အနောက်ဆောင်မှ ဘယ်သူကမှ ၀န်ကြီးကို ဤသို့စကားအမျိုး မပြောရဲကြချေ။

ထို့အပြင် သူ့အဖေ(阿爹 -ādiē) သည် ကောတစ်ဦးဖြစ်ပြီး အများအားဖြင့် သိမ်မွေ့သော ကိုယ်ရည်ကိုယ်သွေးရှိ‌လေ၏။

မိသားစုပတ်ဝန်းကျင်သည် လူတစ်ဦးအပေါ်တွင် ကြီးမားသော သက်ရောက်မှု ရှိနေဆဲဖြစ်သောကြောင့် ချင်မု၀မ်သည် အလွန်အကျင့်စာရိတ္တကောင်းမွန်ရန် သင်ကြားခဲ့ရပြီး၊ အခြေခံအားဖြင့် ခင်ပွန်းဖြစ်သူအား နာခံရပေလိမ့်မည်။

ဤတစ်ကြိမ်မှာတော့ သူနှင့် ပိုကောင်းသည့် ဆက်ဆံရေးရှိသည့် အပေါင်းအသင်းများသည် သူ့ဆီလာလည်ပြီး ဤပစ္စည်းများကို လမ်းကြုံပို့ပေးသောကြောင့် ဤအလုပ်များ ယူခဲ့ခြင်းပင်ဖြစ်၏။

"မကြာသေးခင်က သခင်အသစ်တစ်ယောက် မြို့ကိုပြောင်းလာခဲ့တယ်တဲ့။ မိသားစုထဲက အိမ်အကူတွေနဲ့ ကျွန်တွေကို တစ်ပုံစံတည်း ၀တ်စေချင်လို့တဲ့။ အဲ့ဒါကြောင့် ပိုက်ဆံအိတ်နဲ့ လက်ကိုင်ပုဝါတွေ ထပ်ချုပ်ခိုင်းတာ။ ဈေးကတော့ အရင်ထက် ပိုပေးတယ်၊ အား၀မ် ငါ မင်းအတွက် ယူလာခဲ့ပေးတာ"

ချင်မုဝမ်သည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး ဘာမှမလုပ်ပါက အလွန်စိတ်မချမ်းသာဖြစ်ရမည်ဟု ထင်ခဲ့သည်။

The Transmigrated Li Jin's Daily Farming Life《Myanmar Translation》Where stories live. Discover now