အခန်း(၂၁)

1.6K 255 5
                                    

အခန်း(၂၁)

လီကျင်သည် ရွာထဲရှိလူများ ယဉ်ကျေးစွာပြုမူနေကြခြင်းဖြစ်သည်ကို သိလေ၏။အမှန်တကယ် သူ့မိသားစုကို စားသောက်ဖို့ ဆွဲခေါ်သွားပါက မိသားစုသည် စားဖို့ လုံလုံလောက်လောက် ရှိလိမ့်မည်မဟုတ်ချေ။

ရွာထဲတွင် ဆန်ဈေးသည် သက်သာသော်ငြားလည်း ဆန်တစ်ပုံးကို ငါး၀မ်သာ ပေးရ၏။

သို့သော် ဆန်တစ်ပုံးသည် ဆယ်လီတာ၊ ခြောက်ကီလိုဂရမ်ကျော်ဟာ ရှိလေ၏။

အရွယ်ရောက်ပြီးသူတစ်ယောက် ဆယ်ရက်ခန့် စားနိုင်ရုံလောက်သာရှိသည်။

ရှေးခေတ်အချိန်ကာလများတွင် လယ်သမားသည် ရံဖန်ရံခါ နေ့လယ်ခင်းအချိန်၌သာ ထမင်းကို စားကြလိမ့်မည်ဖြစ်သည်။ အခြားအချိန်များတွင်လည်း ယာဂုထမင်းကိုစားကြသည်။ အမည်အရ ယာဂုထမင်းဖြစ်ပြီး၊ ယာဂုထမင်းသည် အလွန်ကျဲလေသည်။

တစ်နေ့လျှင် ထမင်းသုံးနပ်စားကြသည့်အကြောင်းရင်းမှာ  အဘယ်ကြောင့်ဆိုသော် လယ်သမားများသ ် ကိုယ်ကာယအလုပ်ကြမ်းများ လုပ်နေကြရဆဲဖြစ်သောကြောင့်ဖြစ်သည်။ တစ်ချိန်လုံး ၀၀လင်လင် မစားနိုင်ပါက မိသားစုကို ကျွေးမွေးပြုစုရန် မည်ကဲ့သို့ အလုပ်လုပ်နိုင်မည်နည်း။

လူအနည်းငယ်သည် ရွာအဝင်ဝသို့ လမ်းလျှောက်လာကြပြီး၊ လီကျင်သည် သူတို့ကို နှုတ်ဆက်လိုက်ပြီး မလှမ်းမကမ်းရှိ အိမ်ကို ကြည့်လိုက်ရင်း သူ့ခြေလှမ်းများ ပိုပေါ့ပါးသွားလေသည်။

သူသည် ယခုအချိန် သူ့မိသားစုတွင် ကောလေးများ ရှိနေကြသည်ကို မသိခဲ့ချေ။

ချင်မု၀မ်သည် ခြင်းတောင်းထဲမှ ပိုက်ဆံအိတ်များနှင့် လက်ကိုင်ပုဝါများကို ထုတ်ယူလိုက်ပြီး၊ ရှက်ကိုးရှက်ကန်းနှင့် ပြောလိုက်၏။ " ငါ အပ်ချုပ်ပြီးတာနဲ့ မင်းကို အရင်လာရှာလိုက်သင့်တာ "

ထိုကောသုံးယောက်သည် နောက်ဆုံးအကြိမ်က ကောင်လေးကို ကူညီရန် ရောက်လာခဲ့ကြသူများ ဖြစ်လေသည်။

သူတို့ထဲက တစ်ယောက်သည် ချင်မု၀မ်ပြောသည်ကို ကြားပြီး မခြားမနား ပြန်ဖြေလာလေ၏။ " ဘာပဲဖြစ်ဖြစ် မင်း ငါတို့ဆီ လာပို့ပေးရင်တောင်၊ ငါတို့ဘာသာ မြို့ကို ပို့ပေးရမှာပဲလေ "

The Transmigrated Li Jin's Daily Farming Life《Myanmar Translation》Where stories live. Discover now