အခန်း(၁၅)

2.1K 310 2
                                    

အခန်း(၁၅) အာလူးများသာစားခြင်း။




ယခု လီကျင်သည် ဤလူ့အဖွဲ့အစည်းတွင် ပေါင်းစည်းရန် ဆုံးဖြတ်လိုက်ပြီး၊ သူသည် သူ့ပတ်ဝန်းကျင်ရှိ လူများနှင့် သဘာ၀အတိုင်း စကားပြောဆိုလိမ့်မည်ဖြစ်သည်။

သူသည် အထူးမှော်စွမ်းအားတစ်မျိုးကို သယ်ဆောင်ထားပုံရပြီး၊ စကားပြောဖို့ အစပျိုးနေသရွေ့ အဖွဲ့ကြီးတစ်ခုထဲသို့ ပေါင်းစည်းသွားပေလိမ့်မည်။

အမှန်တော့၊ မှော်စွမ်းအားများ ပါဝင်တာမျိုးတော့ မဟုတ်ပါချေ။

၎င်းသည် ခံစားချက်ပိုင်းဆိုင်ရာဉာဏ်ရည်ဉာဏ်သွေး(EQ) တစ်မျိုးသာ ဖြစ်လေ၏။

လီကျင်သည် ခြံထဲသို့ လှမ်းဝင်လိုက်သည်နှင့် ပြတင်းပေါက်မှ အဝါရောင်မှိန်ဖျော့‌ဖျော့ ရေနံဆီမီးခွက်ကို တွေ့လိုက်ရလေ၏။

ဤအခိုက်အတန့်တွင် လီကျင်သည် မိုဘိုင်းလ်ဖုန်းများ၊ ကွန်ပြူတာများ၊ ကွန်ရက်များနှင့် လျှပ်စစ်မီးမရှိသော ကမ္ဘာကြီးဖြစ်သည်ကို အပြည့်အဝ သဘောပေါက်သွားခဲ့လေသည်။

မြေသားအိမ်၊ ဆီမီးခွက်၊ စက္ကူပြတင်းပေါက် နှင့် အိမ်ပြန်လာဖို့ စောင့်မျှော်နေသည့် ဖုလန်သာရှိလေ၏။

သူသည် သူစိမ်းတစ်ယောက်ဟု ထင်ရသော်လည်း၊ ပေါင်းသင်းပြီး တစ်ရက်နှစ်ရက်အတွင်းမှာပဲ သူသည် လီကျင်ကို စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်မှုပေးခဲ့လေ၏။

မော်ဒန်ခေတ်တွင် အမြဲတမ်း တစ်ယောက်တည်းနေခဲ့သော ဆရာဝန်တစ်ဦးသည် ရုတ်တရက် ရှေးခေတ်၌ အိမ်တစ်လုံးရှိလာခဲ့သည်။

လီကျင်သည် တံစဉ်ကို ရေဖြင့် ဆေးကြောလိုက်ပြီး အခြောက်ခံရန် မီးဖိုချောင်နံရံတွင် ချိတ်ဆွဲထားလိုက်သည်။

သူသည် အင်္ကျီလက်နားကို လှန်လိုက်ပြီး အိမ်ထဲသို့ မဝင်ခင် လက်များကိုဆေးကြောလိုက်၏။

ချင်မုဝမ်သည် လီကျင်ကို အလွန်စိုးရိမ်နေလေ၏။ သူ မြက်ရိတ်ရန် တံစဉ်လိုအပ်သေးသည်။

လီကျင်သည် ဤအရာများကို တစ်ခါမျှပင်မထိဖူးဘဲ တံစဉ်ကို မည်သို့ကိုင်ရမှန်းပင် မသိခဲ့ခြင်း ဖြစ်နိုင်လေသည်။

The Transmigrated Li Jin's Daily Farming Life《Myanmar Translation》Where stories live. Discover now