အခန်း(၆) အားကျင်
လီကျင် ၀င်လာသောအခါ၊ ချင်မု၀မ်သည် ကလေးအား သူ့လက်နှစ်ဖက်တွင် ချီထားပြီး၊ သူ့မျက်နှာသည် ကလေးမီးဖွားစကထက်ပင် ဖြူဖျော့နေလေ၏။
သူ့နှုတ်ခမ်းတွင် သွေးရောင်ပင်မရှိချေ။
ဤသို့ဖြစ်နေလျှင်တောင် သူသည် ကလေးကို ဂရုတစိုက် ချီထားသေးလေသည်။
ကလေး၏ ကျောကို ညင်သာစွာ ပုတ်ပေးရန် ကြိုးစားနေလေသည်။
ချင်မု၀မ်၏ လှုပ်ရှားမှုများသည် အကျွမ်းတ၀င်မရှိသော်ငြားလည်း ကလေးအပေါ် ချစ်ခြင်းမေတ္တာအပြည့်ရှိလေသည်။
လီကျင်သည် ပြုံးပြီးပြောလိုက်၏။ " ဒီကလေးက သူ့ဖေဖေကို သိတာပဲ။ သူ့ဖေဖေက ပွေ့ဖက်လိုက်တာနဲ့ သူ ချက်ချင်းပဲ ငိုတာ ရပ်သွားတာပဲ "
စကားပြောရင်း သူသည် ကုတင်ကို ပြင်ဆင်နေသည့်လက်လှုပ်ရှားမှုများကို မရပ်တန့်လိုက်ချေ။
ဤခေတ်၌ စောင်ထဲရှိ ဂွမ်းသည် တကယ့်အစစ်ဖြစ်လေ၏။ လီကျင်သည် မွေ့ယာကို အရင်ဆုံး သန့်ရှင်းလိုက်ပြီး လွတ်နေသည့်ကုတင်တစ်ဝက်ပေါ် ဖြန့်ခင်းလိုက်၏။
အထူသည် ညီကြောင်းခံစားလိုက်ရပြီး၊ ၎င်းသည် အိပ်ဖို့ မာနေခြင်း ပျော့နေခြင်း မရှိတော့ချေ။
အိပ်ရာသည် အလွန်မာနေပါက လူကို စိတ်မသက်မသာဖြစ်စေနိုင်သည်။
သို့သော် အလွန်ပျော့နေပါက ခါးကျောရိုးမကြီးအတွက် မကောင်းချေ။
လီကျင်သည် မွေ့ယာအထူကို လက်ဖြင့် တိုင်းတာလိုက်ပြီး လုံလောက်သည်ဟု ခံစားလိုက်ရသည်။
သို့သော်လည်း ယခုအချိန်၌ ချည်သားမွေ့ယာသည် စျေးကွက်ထဲရှိ ပျော့ပျောင်းသော မွေ့ယာကဲ့သို့ မကောင်းချေ။ လီကျင်သည် လီသနျို၏အိမ်မှ အသစ်ချုပ်ထားသော မွေ့ယာနှစ်ခုကို ချေးငှားထားခဲ့သည်။ ၎င်းတို့သည် ပျော့ပျောင်းလွန်းပြီး ခါးကျောရိုးမကြီးကို မထိခိုက်စေရချေ။
လီကျင်က မေးလိုက်၏။ " မင်း ပျော့တဲ့အိပ်ယာ ဒါမှ မဟုတ် မာတဲ့အိပ်ယာကို ကြိုက်လား "
YOU ARE READING
The Transmigrated Li Jin's Daily Farming Life《Myanmar Translation》
Historical FictionThe Transmigrated Li Jin's Daily Farming Life 《穿越之黎锦的农家日常》 ကူးပြောင်းသွားသော လီကျင်၏ နေ့စဉ် စိုက်ပျိုးရေးဘ၀ Author Hui Mou Yi Ban Xia @回眸已半夏 Looking Back Halfway Through Summer Status in COO 140 Chapters + 20 Extras (Complete) ဘာသာပြန် - အုန်းသာကူ...