အခန်း(၁၂)

2K 326 2
                                    

အခန်း(၁၂) အသားဘန်းမုန့် (ပေါင်းဇစ်)

လီကျင်သည် မနက်ခြောက်နာရီမထိုးခင် အိပ်ရာထပြီး စွပ်ပြုတ်ရေကြည်နျင့် ခေါက်ဆွဲတစ်ပန်းကန်သာ စားခဲ့ရသည်။

အချိန်သည် ကိုးနာရီကျော်နေပြီဟု ခန့်မှန်းရ၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် အသက်ဆယ့်ရှစ်နှစ်ခန့်အရွယ် လူငယ်လေးတစ်ဦးသာ ဖြစ်လေ၏။ သူ ကြီးပြင်းနေချိန်ဖြစ်ကာ ဗိုက်ထဲတွင် ဗလာဖြစ်နေသည်ကို ခံစားရလေ၏။

ဘန်းမုန့်ပေါင်းနှစ်ခု ၀ယ်စားလို့ရသည်။

လီကျင်သည် ရှင့်လင်ထန်မှ လမ်းအဆုံးထိလျှောက်သွားပြီးနောက်၊ ညာဘက်သို့ကွေ့ပြီး မြို့၏အဓိကလမ်းမကြီးသို့ သုံးမိနစ်ခန့် လမ်းလျှောက်သွားခဲ့၏။

မြို့၏ မြေမျက်နှာသွင်ပြင်သည် နိမ့်သော်လည်း မြေကြီးသည် အလွန်ပြန့်ပြူးသောကြောင့် အိမ်များ ဆောက်လုပ်ရန် လွယ်ကူပြီး၊ အနီးတစ်ဝိုက်တွင် ရွာငယ်လေးများ ခုနစ်ရွာမှ ရှစ်ရွာအထိ ရှိလေသည်။ ထို့ကြောင့် ဤလမ်းမကြီးသည် အမြဲတမ်းလိုလို သက်၀င်လှုပ်ရှားပြီး စည်ကားနေတတ်သည်။

လမ်းမကြီး၏ လမ်းဆုံတွင် ဘန်းမုန့်ပေါင်းဆိုင်ရှိ၏။ ဘန်းမုန့်ပေါင်းများသည် လူကြီးလက်သီးလုံးကြီးများလောက်ရှိပြီး မုန့်လုံးများသည် ဖြူဖွေးပြီး ပျော့ပျောင်းနေပြီး ပေါင်းထားသောကြောင့် လူများ၏စားချင်စိတ်ကို တိုးလာစေလေသည်။

ဆိုင်ရှင်အမျိုးသမီးသည် လီကျင်၏မျက်နှာကို ကြည့်လိုက်ပြီး၊ တစ်နေရာရာတွင် မြင်ဖူးသလိုမျိုး ခံစားနေရသော်လည်း သူမမှတ်မိနိုင်ခဲ့ချေ။

သို့သော် ၎င်းသည် သူမအတွက် ဘန်းမုန့်ပေါင်းများရောင်းရန် နှုတ်ခွန်းဆက်ခြင်းကို မတားဆီးခဲ့ပါချေ။ " လူငယ်လေး၊ ဘန်းမုန့်ပေါင်းစားချင်လား"

လီကျင်သည် သူ့တွင် ပိုက်ဆံအိတ်ရှိနေပြီဖြစ်သဖြင့်၊ မရှက်တော့ဘဲ မေးလိုက်၏။ " ဆိုင်ရှင်၊ ဘန်းမုန့်တွေ ဘယ်လိုရောင်းလဲ"

ဆိုင်ရှင်က ရွှင်လန်းစွာ ပြောပြလေ၏။

" သက်သတ်လွတ်စားအစာသွပ်ဆို တစ်၀မ်ကိုနှစ်ခု၊ အသားဆို တစ်ခုကို တစ်၀မ်ပါ "

The Transmigrated Li Jin's Daily Farming Life《Myanmar Translation》Where stories live. Discover now