အခန်း(၃)

2.2K 317 1
                                    

အခန်း(၃) ကြက်ဥပေါင်း

လီကျင်သည် ချက်ချင်း မှင်သက်သွားလေတော့၏။ ဆရာ၀န်တစ်ယောက်အနေနှင့် သူသည် ယောက်ျားနှင့်မိန်းမကြားရှိ ရုပ်ပိုင်းဆိုင်ရာ ကွဲပြားခြားနားမှုများကို ရှင်းရှင်းလင်းလင်း သိနိုင်သည်ဟု ယုံကြည်ခဲ့သည်။

သူ့ကြက်စွပ်ပြုတ်ကို ယခုလေးတင် ယူသွားသည့်သူပဲဖြစ်ဖြစ်၊ "နေ့စေ့လစေ့ကိုယ်၀န်သည်" နှင့် စကားပြောနေကြသည့် အခန်းထဲရှိ လူနှစ်ယောက်ပဲဖြစ်ဖြစ်၊ အိပ်ယာပေါ်ရှိ ဖြူဖျော့နေသော မျက်နှာနှင့် "နေ့စေ့လစေ့ကိုယ်၀န်သည်" ပင်လျှင်တောင် ယောက်ျားတစ်ယောက်ဖြစ်လေကာ သူတို့အားလုံးသည် ဆယ်ကျော်သက်ယောကျာ်းလေးများပင် ဖြစ်နေလေ၏။

တံခါးကို မျက်နှာမူလျက် လီကျင်သည် အတွေးထဲ နစ်နေလေတော့၏။

' ငါက ဒီလို ရုပ်လွန်ပညာကိစ္စတစ်ခု( သူကူးပြောင်းလာခြင်း) ကိုတောင် လက်ခံနိုင်တယ်။ ဘာလို့ ယောက်ျားတစ်ယောက် ကလေးမွေးတာကို လက်မခံနိုင်ရမှာလဲ '

လီကျင်သည် ဤစာကြောင်းကို သူ့ကိုယ်သူ သုံးကြိမ်တိုင်တိုင်ပြောပြီး လက်ခံရန် အမှန်တကယ်ခက်ခဲသည်ဟု ခံစားမိလိုက်သည်။

ဆေးကျောင်းသားများသည် ရံဖန်ရံခါ လောကုတ္တရာပညာကို ယုံကြည်ကြသော်လည်း ဤနေရာများတွင် လူ့ခန္ဓာကိုယ်မပါဝင်သည်မှာ သေချာပါသည်။

ယခုမူ ကောင်းကင်ကြီးသည် ကြီးမားပြီး၊ မိခင်...မဟုတ်ဘူး၊ အိပ်ရာထဲတွင် မွေးဖွားနေသော ယောက်ျားလေးသည် အရေးပါဆုံးဖြစ်လေသည်။

လီကျင်သည် သူ့မျက်နှာကို ပွတ်သပ်ပြီး စိတ်ကို တည်ငြိမ်စေရန် ရေအေးတစ်ပုံးဖြင့် မျက်နှာကို ဆေးကြောလိုက်သည်။

ယခုအချိန်၌ အခန်းထဲတွင် ရံဖန်ရံခါ နာကျင်စွာ ရှူရှိုက်‌‌ ‌မောဟိုက်သံများ ထွက်ပေါ်နေသော်လည်း ထိုအသံများမှာ ဆက်တိုက်တော့မဟုတ်ချေ။

လီကျင်သည် ဆယ်ကျော်သက်သည် နာကျင်မှုကို အရင်ဆုံး လိုက်လျောညီထွေဖြစ်အောင် ဖြစ်နိုင်စေရန် ဝေဒနာအလွှာလိုက် ရောက်ရှိလာနေသည်ကို သိနေလေ၏။ အဆုံးမှာတော့ ကလေးမွေးဖွားခြင်းကိစ္စသည် အမှန်တကယ်ပင် နာကျင်ရပြီး ခန္ဓာကိုယ်နှင့် လိုက်လျောညီထွေဖြစ်အောင် ကြိုးစားရမည်သာဖြစ်သည်။

The Transmigrated Li Jin's Daily Farming Life《Myanmar Translation》Where stories live. Discover now