အခန်း(၁၄)

2.2K 312 3
                                    

အခန်း(၁၄) မြက်ရိတ်ခြင်း

ပညာရှင်များ၊ လယ်သမားများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်သူများကြားတွင် သိသာထင်ရှားသော အထက်အောက် နယ်နိမိတ်များ ရှိကြ၏။ ထို့ကြောင့် လူများသည် ပညာရှင်အများစုကို လေးစားကြလေ၏။

လီကျင်သည် မြို့ထဲရှိ အပျော်အိမ်၏ ထိပ်တန်းအလှကို စွဲလမ်းနေပြီး၊ ချမ်းသာသူများထံမှ သင်ယူလိုခဲ့ခြင်းသာဖြစ်သည်။

သို့သော် သူ့မိသားစုသည် တကယ်တမ်း ဆင်းရဲလွန်းသဖြင့်၊ ထိပ်တန်းအလှကိုပေးဖို့ပိုက်ဆံ ဘယ်လိုလုပ်ရှိနိုင်မည်နည်း။

လီကျင်၏မိသားစုသည် နှစ်သစ်ကူးကာလတွင် အသားမစားနိုင်ကြဘဲ၊ မိသားစုကို ထောက်ပံ့ရန် အထည်များချုပ်သည့် သူဖုလန်အပေါ် မှီခိုနေရသည်။

ဤသည်မှာ ရွာသားများ လီကျင်အား နှိမ့်ချခြင်းသို့ ဦးတည်သွားစေခဲ့သည်။

—— အနည်းဆုံးတော့ ဤမျိုးဆက်များ၏ ရိုးရာဓလေ့များသည် ရိုးရှင်းပြီး၊ လူတိုင်းသည် အသုံးမကျသည့် ယောက်ျားများကို ရှုံ့ချကြသည်ဆိုသည်ကို သက်သေပြနေလေ၏။

ထို့အပြင်၊ လောင်လီ၏မိဘများက လီကျင်သည် မြို့ထဲရှိ အရည်အချင်းရှိသူနှင့် စာအုပ်အချို့ကို လေ့လာဖူးကြောင်း ပြောဖူးသည်။ သူ ရွာသို့ပြန်ရောက်လာသောအခါ လီကျင်သည် စုတ်တံနှင့်ရေးသည်ကို တစ်ခါမှ မမြင်ဖူးကြချေ။

အချိန်ကြာလာသည်နှင့်အမျှ လီကျင်သည် ကျောင်းတွင် ပိုက်ဆံကုန်ခဲ့ပြီး ဘာမျှမတတ်မြောက်ခဲ့ကြောင်း လူတိုင်း ခံစားခဲ့ကြရသည်။

ရွာသားများသည် လီကျင်ရှေ့မှာဆော့ ၎င်းကို မပြောခဲ့ကြသော်လည်း၊ သူတို့အားလုံး ကောင်းကောင်းသိကြလေ၏။

လီကျင်သည် လီသနျိုနှင့် စစ်တုရင်ကစားနေခဲ့သည်။ ဤလှုပ်ရှားမှုကြောင့် ရွာသားများက ရုတ်တရက်ခံစားခဲ့ကြရ၏....ဤလူသည် မြို့ထဲ၌ ကျောင်းတက်နေစဉ် တစ်ခုခုသင်ယူနေသည့်ပုံရသည်။

မသုံးမ၀င်တာတော့မဟုတ်ဘူးပဲ။

သုံးပွဲပြီးနောက် လီကျင်သည် ကြည့်ရှုသူများ ပိုများလာသည်ကို တွေ့လိုက်၏။

The Transmigrated Li Jin's Daily Farming Life《Myanmar Translation》Where stories live. Discover now