အခန်း(၇)

2.1K 316 0
                                    

အခန်း(၇) အ၀တ်များလျှော်ဖွပ်

"ဒီမှာ အ၀တ်လျှော်တာ ငါတို့ခြောက်ယောက်ပဲ မဟုတ်လား။ ဘာလို့ နောက်တစ်ယောက်ရှိနေသေးတာလဲ"

"အိုး၊ နင်သာ ငါ့ကိုမပြောရင်၊ ငါသိမှာမဟုတ်ဘူး။ ဒီလူက ယောက်ျားလား ဒါမှမဟုတ် ကောလား"

"နင် ရူးနေတာလား။ အဲ့ဒါ လီကျင်ဆိုတာ ရှင်းနေတာကို "

"သူ ဇလုံတစ်ခုနဲ့ အ၀တ်ရိုက်တုတ်တစ်ခု ကိုင်ထားတယ်၊ သူလည်း အ၀တ်လာလျှော်တာလား"

"ဒါကို ဘယ်သူသိမှာလဲ။ သူ့ဖုလန်က မကြာသေးခင်ကမှ မီးဖွားတာမဟုတ်ဘူးလား။ လီကျင် စိတ်မချမ်းမသာဖြစ်နေသေးတာကို ငါ မတွေ့ခဲ့ပါဘူး"

လီကျင်သည် သူတို့နှင့် မနီးမဝေးမှ လိုက်သွားပြီး၊ သူတို့ခြေထောက်များသည် ရှည်လျားသော်လည်း ခြေတစ်လှမ်း တစ်လှမ်းသည် အကျဲကြီးဖြစ်လေ၏။

သို့သော် ယခုအချိန်၌၊ အမျိုးသားနှင့် အမျိုးသမီးကြား  လေးနက်သောသံသယများကို ရှောင်ရှားပြီး၊ အလွန်နီးကပ်စွာ လိုက်သွားရန် ခက်ခဲလေသည်။

ရွာထိပ်တွင် မြစ်တစ်စင်းရှိပြီး ရေအနက်မှာ အရွယ်ရောက်ပြီးသူ၏ ဒူးဆစ်ခန့်ရှိလေသည်။

ရေသည် ကြည်လင်ပြီး အောက်ခြေတွင် ကျောက်တုံးလေးများနှင့် ကဏန်းလေးများရှိလေ၏။ ရွာထဲမှ မိန်းကလေးများနှင့် ကောများသည် အဝတ်လျှော်ဖို့ ဤနေရာသို့ လာလေ့ရှိကြသည်။

သို့သော် ရွာထဲမှလူများသည် တစ်ကြိမ်လျှင် အိမ်ထောင်စုခြောက်စုကို လျှော်ဖွပ်ဆေးကြောဖို့ နှုတ်ဖြင့် သဘောတူညီမှုလည်း ရှိထားကြလေသည်။။

မြစ်အထက်ပိုင်းနှင့် မြစ်အောက်ပိုင်းကို ပိုင်းခြားထားသော မြစ်ဖြစ်လေသည်။ အထက်ပိုင်းမှ အဝတ်လျှော်သူများသည် ၎င်းကို အခွင့်ကောင်းယူကြလိမ့်မည်ဖြစ်သည်။

တရားမျှတစေရန်အတွက် လူတိုင်းသည် ကျောက်တုံးခြောက်တုံးကို ကောက်ယူပြီး မြစ်အထက်ပိုင်းတွင် ထားလိုက်ကြကာ၊ ကျောက်တုံးဆိပ်တွင် အလှည့်ကျအဝတ်လျှော်ကြလေသည်။

The Transmigrated Li Jin's Daily Farming Life《Myanmar Translation》Where stories live. Discover now