အခန်း(၁၆)

2.1K 298 3
                                    

အခန်း(၁၆) နာနေလား။

လီကျင်သည် လူသားတစ်ယောက်ဖြစ်ရမည့်ပုံကို သိပြီးဖြစ်သောကြောင့်နှင့် အကျိုးကျေးဇူးများရရှိပြီးနောက် လီကျူးဇီသည် လီကျင်ကို လယ်ကွင်းထဲ၌မြက်ကူရိတ်ပေးရန် ကူညီပေးရမည်ဖြစ်သည်။

မူလက လီကျင်သည် လေးရက်ကြာအောင် မြက်ရိတ်ရန် စီစဉ်ထားခဲ့သော်လည်း နှစ်ရက်အတွင်း အပြီးသတ်ခဲ့လေသည်။

လီကျူးဇီကလည်း ဆိုလေ၏။ "ငါတို့ရွာက ဝက်မမွေးကြဘူး။ အနံ့အသက်က ဆိုးတယ်လေ။ ငါတို့ရွာက မြစ်အထက်ပိုင်းမှာရောက်နေတာဆိုတော့ ငါတို့သာ ဝက်မွေးရင် မြစ်အောက်ပိုင်းကရွာတွေက ကြိုက်ကြမှာမဟုတ်ဘူး။ ဒါပေမယ့် ရှထန်ကျေးရွာမှာ ဝက်မွေးမြူသူအများကြီးရှိတယ်၊ ဝက်စာကျွေးရန်အတွက် ဤဂျုံကောက်ရိုးများကို အသုံးပြုနိုင်တယ် "

" မင်း အားရင်၊ ရှထန်ရွာကိုသွားပြီး မေးကြည့်လိုက်၊  သူတို့ ကောက်ရိုးရိတ်ကြရင်၊ မြက်နှစ်မူကို ရောင်းလို့ရလိမ့်မယ် "

ထိုမှသာလျှင် လီကျင်သည် ရွာများကို မျိုးရိုးအမည်များအလိုက် ခွဲခြားထားသည်ကို သိခဲ့ရ၏။ ဥပမာ ဘေးရွာကို ဝူရွာဟုခေါ်ပြီး  ' ဝူ ' သည် မျိုးရိုးအမည်ဖြစ်လေ၏။

မြစ်အောက်ပိုင်းတွင် ဝက်မွေးမြူသည့်ရွာများလိုမျိုး ဒေသအလိုက်လည်း ခွဲထားသေး၏။ မြစ်သည် ရေကန်ထဲသို့ရေများစီး၀င်လာသဖြင့် ရှထန်ရွာဟု ခေါ်လေ၏။

ထို့အပြင် သူနေထိုင်သည့်ရွာသည် မျိုးရိုးအမည်ရောနေကြပြီး နောက်ဆုံးနာမည်ကို အမည်မတွင်ချေ။

မူလက ပထဝီအနေအထားအပေါ်မူတည်ပြီး ရှန့်ဟယ်ရွာဟု ခေါ်ခြင်းဖြစ်သင့်သည်။

သို့သော် လွန်ခဲ့သည့် အနှစ်နှစ်ဆယ်က၊ ရွာမှ စာမေးပွဲဖြေဖို့ ထွက်သွားခဲ့သည် ကျွီယန်တစ်ယောက်ရှိ၏။ သူ့နာမည်သည် လီဖန့်ဖြစ်ပြီး ဟုန်ယန့်ဟု အမည်တွင်၏။ ရွာသူကြီးသည် ရွာနာမည်ကို ဟုန်ယန့်ရွာဟု ပြောင်းလိုက်လေ၏။

[ TN : လီဖန့်ဆိုတာက ကလေးဘ၀ကတည်းကပေးခဲ့တဲ့ နာမည်ဖြစ်ပြီး ဟုန်ယန့်ဆိုတာက အသက်ပြည့်အခမ်းအနားရောက်မှပေးတဲ့နာမည်ပါ။ အထူးသဖြင့် ပညာရှင်တွေပဲ ပေးကြတယ်ထင်ပါတယ်။ ]

The Transmigrated Li Jin's Daily Farming Life《Myanmar Translation》Where stories live. Discover now