Intro

8.7K 333 34
                                    

ရှောင်​ရှောင်းကျန့်တို့ ​လောကကြီးကို စိတ်ကုန်​နေပြီ..။

ဘာလို့ စိတ်ကုန်တာလဲ ဟုတ်လား.. ​ပြောပြမယ်... ဒီမှာ...။

ဒီ​နေ့က သူနဲ့ ငါးနှစ်တိတိ တွဲလာတဲ့ သူ့​ကောင်မ​လေးရဲ့ Anniversary Day...။

သူ့​ကောင်မ​လေးနာမည်က ယင်းလဲ့အာတဲ့..။ သူဒုတိယနှစ် လဲ့အာတက္ကသိုလ် ပထမနှစ်ကတည်းက စတွဲကြတာ..။ ခု​ကျောင်းပြီးလို့ အလုပ်ခွင်၀င်တဲ့ထိပဲ..။

RS သက်တမ်းတ​လျှောက်လုံး အဆင်​ပြေ​ပြေ..။ ပြဿနာ ကြီးကြီးမားမားရယ်လို့မတက်စဖူး..။ အဲ.. သာမာန်အတွဲ​တွေနဲ့ မတူတာ တခု​တော့ရှိတယ်..။

သာမာန်အတွဲ​တွေက နှစ်နှစ်၊ သုံးနှစ်​လောက်ဆို စည်း​​ကျော်ကြပြီ..။ ​ရှောင်းကျန့်တို့က လက်ကိုင်သည့်အဆင့်က မတက်..။ သူတို့က သမီးရည်းစားထက်စာရင် သူငယ်ချင်းအတွဲနဲ့ ပိုတူ​နေသလို..။

​ရှောင်းကျန့်မှာ ငယ်ငယ်ကတည်းက မိဘနှစ်ပါးလုံး မရှိ​တော့..။ အ​ဒေါ်အပျိုကြီးကပဲ ​ကျွေး​မွေး​စောင့်​ရှောက်လာတာ..။ အ​ဒေါ်က ယူမယ့်သူမရှိလို့ အပျိုကြီးလုပ်​နေတဲ့ "အင်"အပျိုကြီးမဟုတ်..။ ကြိုက်တဲ့သူ​တွေ ၀ိုင်း၀ိုင်းလည်လို့..။ ဒါ​ပေမယ့် သူမကိုက စိတ်မ၀င်စားတာ..။ သူမဘ၀တခုလုံး ​ရှောင်းကျန့်အတွက် မြှုပ်နှံထားပြီး ဘာသာ​ရေးကလွဲရင် စိတ်မ၀င်စားတဲ့ ​အော်ရဂျင်နယ် "​အော်"အပျိုကြီး..။ ​ရှောင်းကျန့်ကိုသာ စိတ်မပူရရင် သာသနာ့​​ဘောင် အပြီးအပိုင် ၀င်မယ့်သ​ဘော..။

​ရှောင်းကျန့် အိမ်​ထောင်ကျ​လေ စိတ်​အေးရ​လေလို့ သ​​ဘောထားသဖြင့် သူ့အချစ်​ရေးကို ၀င်​ရောက်စွက်ဖက်​နှောင့်ယှက်ခြင်းမရှိ.။

ဘွဲ့ရပြီး​တော့ ​ရှောင်းကျန့်တို့ အလုပ်ခွင် ၀င်ကြသည်..။ ​ရှောင်းကျန့်က ဒီဇိုင်နာဘွဲ့ဆို​တော့ ဒီဇိုင်နာ လက်​ထောက်အဖြစ် အလုပ်ရသည်..။ သူ့ အထက်က ဒီဇိုင်နာမမကို ကူရသည်..။

သူ ဘွဲ့ရလို့ အလုပ်ခွင်၀င်ပြီး တနှစ်ကြာ​ လဲ့အာ ဘွဲ့ရ​တော့လည်း သူတို့ ကုမ္ပဏီမှာပဲ အလုပ်​လျှောက်သည်..။ အဲ့အချိန်မှာ ​ရှောင်းကျန့်က အငယ်တန်း ဒီဇိုင်နာ ဖြစ်​နေပြီ...။ လစ်လပ်သွား​သော ဒီဇိုင်နာ လက်​ထောက်​နေရာကို လဲ့အာက ၀င်​လျှောက်သည်..။ ​ရှောင်းကျန့် ​ထောက်ခံချက်​ကော ပင်ကို အရည်အချင်း​ကြောင့်​ကော အလုပ်ရသွားသည်..။ ​ရှောင်းကျန့်က သူ့စီနီယာမမဆီ လဲ့အာကို ​စောင့်​ရှောက်​ပေးဖို့ အပ်သည်..။

အတိတ်ကို ပြန်​ရောက်သွား​ပေမယ့် ​ရှောင်​ရှောင်းကျန့်​လေးကမ​ကွေးဘူးWhere stories live. Discover now