Part - 7

4.1K 277 34
                                    

နန်းမြို့တော် အထိတော့ ကိုယ်တိုင် ပြန်မသွားနိုင်၍ အစောင့်တယောက်ကိုသာ လွှတ်လိုက်သည်..။ အသွား အပြန်နှင့် ဟိုမှာ စုံစမ်းရမှာနှင့်ဆို အနည်းဆုံး နှစ်ရက် သုံးရက်တော့ ကြာဦးမည်..။ ဒီရက်ပိုင်းအတွင်း ရိပေါ်တယောက် လဲ့အာအခန်းထဲ ခဏခဏ ဝင်ထွက်နေသည်..။ ဘာတွေများ လုပ်နေတာပါလိမ့်..။ အေးလေ.. သူတို့ သမီးရည်းစားတွေ ဘာလုပ်လုပ် ငါ့စောက်ကြောင်းမဟုတ်..။

စိတ်ထဲမှာ ခိုးလို့ခုလု လုံးဝမဖြစ်ဘူးနော်.. လုံးဝပဲ..။

"ကျန့်ကော"

ဒီလိုကိစ္စလေးနဲ့ စိတ်အနှောင့်အယှက် ဖြစ်စရာလားနော်..။

"ကျန့်ကော"

"ပလုတ်တုတ်"

ရိပေါ်က သူ့အနား လျှောက်လာသည်..။

"ဘာတွေ အဲ့လောက်စဉ်းစားနေတာတုန်း"

"ဘာမှ မစဉ်းစားပါဘူး.. မင်းက ဒီမှာ ဘာလာလုပ်တာတုန်း"

မင်းရဲ့ လဲ့အာဆီ သွားလေ..ဟျောင့်..။

"ကျန့်ကော အတွက် မြင်းရထား သွားဝယ်မယ်လေ.. မကြိုက်မှာစိုးလို့ အတူတူသွားကြည့်ရအောင်"

ဪ.. ဟုတ်သား.. အဲ့ ကိစ္စ လုံးဝကို မေ့နေတယ်..။

"သွားမယ်လေ.. ဝေးလား.. "

"မဝေးပါဘူး ဒီနားတင်ပဲ"

ဝမ်ရိပေါ်က ပြောရင်း မြင်းဇက်ကြိုးကို ဆွဲ၍ ထွက်လာသည်..။

"မဝေးဘူးဆို.. လမ်းလျှောက်ပဲသွားမယ်လေ.. မြင်းစီးဦးမှာလား"

"မြင်းက ရထားကို ဆွဲဖို့လေ"

ရှောင်းကျန့် အူကြောင်ကြောင် ကြည့်နေမိသည်..။ ဝမ်ရိပေါ်က စိတ်ရှည်လက်ရှည် ရှင်းပြသည်..။

"ကျန့်ကောကို တယောက်က ရထားမောင်းပေးရမှာလေ.. ဒါဆို အဲ့တယောက်ရဲ့မြင်းက အလဟဿ ဖြစ်သွားမှာပေါ့.. ကျွန်တော်က ရထားလုံးပဲ ဝယ်မှာ မြင်းမဝယ်ဘူး.. ကျွန်တော့်ဆီက မြင်းနဲ့ ဆွဲခိုင်းမှာ"

တော်လိုက်တာ ဘဒိုရယ်.. အကွက်စေ့လိုက်တာ.. ကပ်စေးနည်းချက်ကလည်း လွန်ပါရော..။

"ဪ.. အေး.. အေးပါ"

သူတို့ မြင်းတကောင်ကို နှစ်ယောက်အတူစီး၍ ထွက်လာခဲ့ကြသည်..။ ရှောင်းကျန့်က အရှေ့မှာ ဝမ်ရိပေါ်က အနောက်မှာ..။ ရှောင်းကျန့် ကိုယ်လုံးလေးက ဝမ်ရိပေါ် ရင်ခွင်ထဲ အလိုအလျောက်ရောက်နေသည်..။

အတိတ်ကို ပြန်​ရောက်သွား​ပေမယ့် ​ရှောင်​ရှောင်းကျန့်​လေးကမ​ကွေးဘူးWhere stories live. Discover now