Extra - 2 ( the end)

4K 223 105
                                    

ဒီနေ့ မနက် အိပ်ရာနိုးကတည်းက ဝမ်ရိပေါ် ဗိုက်ထဲ သရိုးသရီ..။

မနက်စာ စားပြီးတော့ ပိုနာလာသည်..။ အိမ်သာတက်ချင်လို့လားဆိုတော့လည်း မဟုတ်ပြန်..။ ကြိတ်ခံနေရင်းက ပိုပိုဆိုးလာသည်..။ ချွေးသီးချွေးပေါက်တွေ ကျတဲ့အထိ လှိမ့်ပြီးနာလာသည်..။ ရှောင်းဗိုက်ဗိုက်က သူ့ဗိုက်ကလေးကို ပွေ့ပြီး လာမေးရှာသည်..။

"ရိပေါ်...ရိပေါ်.. သမားတော် ခေါ်လိုက်ရမလားဟင်"

"ရပါတယ်...အား!!"

"မဖြစ်သေးပါဘူး.. ခေါ်လိုက်မှပါ"

သမားတော် ရောက်လာတော့ အထာနပ်နေပြီဖြစ်သော သမားတော်က ရှောင်းကျန့်ကို အရင်စမ်းသည်..။

"မင်းသားသုံး မီးဖွားခါနီးနေပြီပဲ"

"အမ်.. ဘာမှလဲ မဖြစ်ဘူးရော"

"ဒါ နယ်စားမင်းက ကိုယ်စား ခံစားပေးနေလို့ပါ"

ဖစ်တိပါဆန့် ဒစ်စကောင့် ရတာပေါ့နော်..။ ပျော်စရာကျိ..။ ငါက မွေးမယ် မင်းကနာ..။

"မွေးဖို့ အမြန် ပြင်ဆင်ကြဖို့ လိုပါမယ်"

အားလုံး ရုန်းရင်းဆန်ခတ် ဖြစ်သွားကြသည်..။ အပြင်မှ ချောင်းနားထောင်နေသော သက်တော်စောင့်များလည်း ဟိုပြေး ဒီပြေး..။

"ရေနွေး ယူပါဟ.. ရေနွေး"

"ပြုတ်ထားတဲ့ အပ်တွေ ဓားတွေကော"

"ကလေးအနှီး.. ကလေးအနှီး"

"‌ဟိုကောင် မင်းက ဘာလို့ ယောင်းမကြီး ကိုင်ထားတာတုန်း"

"ဟင်.. ငါလည်း မသိဘူး"

မွေးဖို့ ပြင်ဆင်ကြတော့မှ ရှောင်းကျန့်ဗိုက်ထဲက နာသလိုလိုလေး ရှိလာသည်..။ ကုတင်ပေါ်မှာ သူနှင့် ရိပေါ်က ဘေးချင်းယှဉ်ရက်ကို အောက်ပိုင်းလေးသာ စောင်နှင့်ခြားထားသည်..။ ရိပေါ်ကတော့ အသံမထွက်နိုင်တော့..။

"ညှစ်ထား.. အရှင့်သား.. ညှစ်.. ညှစ်.."

"အီး... ယား..."

အပြင်က သက်တော်စောင့်တွေကလည်း ဘာမသိ ညာမသိ ဝိုင်းအော်ကြသည်..။

"အီး.. ယား..."

"အူဝဲ.. အူဝဲ.."

ကလေးငိုသံလေး ထွက်လာပြီ..။

You've reached the end of published parts.

⏰ Last updated: Feb 14 ⏰

Add this story to your Library to get notified about new parts!

အတိတ်ကို ပြန်​ရောက်သွား​ပေမယ့် ​ရှောင်​ရှောင်းကျန့်​လေးကမ​ကွေးဘူးWhere stories live. Discover now