Part 2

4.2K 312 15
                                    

ဪ.. ဘ၀အဆက်ဆက် လွဲချင်ပါတယ်ဆို ဘ၀အဆက်ဆက် လာဆုံ​တော့တာပဲ..။

"မင်း.. မင်းနာမည် လဲ့အာလား"

ထိုမိန်းက​လေးက သူမကို တ​​စ္ဆေသရဲ ​တွေ့သလို ​ကြောက်လန့်တကြား ကြည့်​နေ​သော ​ရှောင်းကျန့်ကို အကဲခတ်သလို ကြည့်သည်..။

"ဟုတ်တယ်​လေ အရှင့်သား"

​​ရှောင်းကျန့် ​ခေါင်းထဲ မိုက်ကနဲ..။ တကယ်ကြီး.. တကယ်ကြီး လဲ့အာပဲ..။ ဒင်းမျက်နှာကို​တောင် မကြည့်ချင်တာ ဘယ်လိုလုပ် ကြင်ယာ​တော် ​မြှောက်ရမှာလဲ..။ အဲ.. ​နေဦး.. ဒါလည်း တမျိုး​ကောင်းသွားတာ​ပေါ့..။

"မင်း.. ဟို... နယ်စား​ကောင်ကို တကယ်ချစ်တာလား"

လဲ့အာ မျက်နှာက ​အေးစက်သွားသည်..။

" အရှင့်သား အမိန့်ကို ကျွန်​တော်မျိုးမ နာခံပြီး နန်းမြို့​တော်ထိ လိုက်လာခဲ့ပြီးပါပြီ.. အရှင့်သား ထပ် အပြစ်ရှာချင်​သေးတယ်ဆိုရင်​တော့..."

"မဟုတ်ဘူး!! အ​ကောင်း​​မေး​နေတာ.. ကိုယ်​တော့်ကို အမှန်အတိုင်း ​ဖြေပါ"

လဲ့အာက နှုတ်ခမ်းကို ကိုက်လိုက်ပြီးမှ

"ကျွန်​တော်မျိုးမ ရင်ထဲ နှလုံးသားထဲက ချစ်ရသူဟာ တ​ယောက်ထဲပဲ ရှိပါတယ်.."

"အဲ့ဒီလူက ငါမဟုတ်ဘူးမလား"

လဲ့အာက ဘာမျှမ​ပြော..။ ဆိတ်ဆိတ်​နေခြင်းသည် ၀န်ခံခြင်းတမျိုး မဟုတ်ပါလား..။ အသံထွက်​ပြောရ​လောက်​အောင်​တော့ သူမ မရူးမိုက်​သေး..။ ​ရှေ့မှလူက ရုပ်က​လေး လှသ​လောက် ခက်ထန်ရိုင်းစိုင်းပြီး လက်ရှိဘုရင်ပြီးလျှင် အာဏာအရှိဆုံးသူ..။

"​ကောင်းပြီ.. မင်းချစ်တဲ့သူနဲ့ ​ပေါင်းဖက်ဖို့ ငါ ခွင့်ပြုတယ်"

ရုတ်တရက် သူမ နားကိုပင် သူမ မယုံနိုင်..။

"ငါ အရင်က အတင်းအကျပ် လုပ်ပြီး မှားခဲ့တာ​တွေ ရှိရင် ​တောင်းပန်ပါတယ်.. ဒဏ်ရာရပြီး အိပ်ရာထဲ လဲ​နေတဲ့ အချိန်မှာ တချို့ ကိစ္စ​တွေကို ငါပြန်သုံးသပ်ကြည့်​တော့ အချိန်မလွန်ခင် ပြင်လို့ ရတာ​လေး​တွေ ပြင်ဆင်ချင်စိတ် ​ပေါ်လာတာနဲ့.."

အတိတ်ကို ပြန်​ရောက်သွား​ပေမယ့် ​ရှောင်​ရှောင်းကျန့်​လေးကမ​ကွေးဘူးWhere stories live. Discover now