ရှီးပေနယ် နယ်စားစံအိမ်တော်..
စံအိမ်ကြီးက အဝေးမှ ကြည့်ရုံဖြင့် ခမ်းနားကြီးကျယ်လှသည်..။ ရွှေနန်းတော်ကို မမှီပေမယ့်လည်းပေါ့..။ ဝမ်ရိပေါ်က ရှောင်ကျန့်အတွေးတို့ကို ရိပ်မိဟန်ဖြင့် ပြောသည်..။
"ကျန့်ကော နေချင်တဲ့ အိမ်ပုံစံအတိုင်း ကျွန်တော်ဆောက်ပေးမယ်"
"မလိုပါဘူး.. လူအများကြီးလည်း နေမှာမှ မဟုတ်တာ.. အရမ်းခမ်းနားနေတာကြီး မကြိုက်ပါဘူး.. မင်းအနားမှာ ရှိနေဖို့က အဓိကပဲ"
အယ်.. အရမ်းရိုလွန်းသွားလား..။ ငါက ဘာရယ်မဟုတ် စိတ်ထဲရှိတဲ့ အတိုင်း ပြောလိုက်တာပါ..။
"ဟိုလေ.. ငါက__"
သူက စကားကို ပြန်ရုတ်သိမ်းမည်ကြံသော်လည်း ပျားရည်အိုင်လို ချိုမြပြုံးဖြီးနေသည့် ဝမ်ရိပေါ် မျက်နှာကြီးတွေ့ပြီး မရုတ်သိမ်းဖြစ်တော့..။
"ပြောလေ.. ကျန့်ကော"
"အဟမ်း.. ဘာမှမဟုတ်တော့ပါဘူး"
ထိုစဉ် သူတို့ ရှိရာဆီသို့ တစုံတယောက်က ပြေးလာသည်..။
"ရှောင်အိုက်..(အချစ်ကလေး) ပြန်လာပြီပေါ့နော်.. အရမ်းလွမ်းနေတာ"
ပြေးလာသူက နုနုရွရွမိန်းကလေး..။ မျက်နှာလေးက ဖူးဖူးစင်စင်..။ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်နှင့် ခန္ဓာကိုယ်က ရှယ်..။ ထိုမိန်းကလေးက သူတို့ရှိရာတည့်တည့်သို့ ဝမ်းသာအားရ ပြေးလာနေခြင်း..။
နေပါဦး.. ဘယ်သူ့ကို ဘယ်လိုခေါ်လိုက်တယ်..။
ရှောင်အိုက်.. ဟုတ်လား..။
ရား.. ဝမ်ရိပေါ်.. မင်း.. မင်းမှာ မယားကြီး ရှိနေတာလား..။ မင်းက မြွေဟောက်လို လျှာနှစ်ခွနဲ့ လာသမျှကို လက်သင့်ခံတဲ့ကောင်လား..။ ငါ့ရင်ဝကို ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းလိုက်တာလား..။
ရှောင်းကျန့်တဲ့နော်.. တကျန့်ထဲရှိတယ်..။ အဟင့်ဟင့်ဆိုပြီး ငုတ်တုတ်လေးထိုင်ငိုနေမယ့်ကောင် မဟုတ်ဘူး..။ အချစ်ချင်းတူရင် စစ်ခင်းယူမယ်..
ရှောင်းကျန့်အကြည့်များကို မြင်သည်နှင့် ယုန်ငတုံး ဘာတွေတလွဲတွေးနေပြန်ပြီလဲ ရိပေါ်သိသည်..။
![](https://img.wattpad.com/cover/354924805-288-k282328.jpg)
YOU ARE READING
အတိတ်ကို ပြန်ရောက်သွားပေမယ့် ရှောင်ရှောင်းကျန့်လေးကမကွေးဘူး
Fanfictionမင်းတို့ စဥ်းစားကြည့် BL ဖတ်တဲ့သူတိုင်း ကွေးလို့လား... မင်းတို့ကော ကွေးလို့လား.. ငါလည်း မကွေးဘူးကွ.. ဖြောင့်လိုက်တာမှ ဓါတ်တိုင်ကြီးအတိုင်းပဲ..