Part - 17

3.8K 257 84
                                    

"အား.. ကျွတ်ကျွတ်"

ရှောင်းကျန့် နိုးလာသည်..။ Hangover ဖြစ်သည့် ခံစားချက်မျိုးရနေသည်..။ ခေါင်းက အုံနေအောင် ကိုက်ခဲလို့..။ သူ မထချင်သေး..။ ဘေးကို လှိမ့်လိုက်တော့ လူတယောက်ရင်ခွင်ထဲ တန်းရောက်သွားသည်..။

"ဟင်"

ဝမ်ရိပေါ်ပဲ..။ ဝမ်ရိပေါ်က ဘယ်လိုလုပ် .. ဪ.. မှတ်မိပြီ..။ မနေ့ညက ငါတို့တွေ တယောက်နဲ့တယောက် ဖွင့်ဟဝန်ခံခဲ့ကြတာပဲ..။ အဲ့တော့ ငါတို့နှစ်ယောက်က ချစ်သူတွေ ဖြစ်သွားပြီပေါ့နော် အဟိ..။

ဒါနဲ့ ငါ့ရဲ့ ဓာတ်တိုင်လိုဖြောင့်တဲ့ အဖြောင့်ကြီးက ဘယ်ရောက်သွားပြီလဲ..။ ဘုရားစူး အရင်က ငါတကယ်ဖြောင့်တာပါ..။

"ဘာတွေ တွေးနေတာလဲ.. ဟင်.."

အမလေး.. ကြက်သီးထလိုက်တာ..။ အဲ့ဒီ ခပ်အက်ရှရှအသံ လည်ချောင်းထဲကထွက်လာတာ ဘယ်လိုကြီးလဲနော်..။

"အိပ်ဦးမယ်ကွာ.."

ဝမ်ရိပေါ်က ပြောရင်း ရှောင်းကျန့်ခါးလေးကို ဆွဲဖက်ကာ ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်..။ ကြည့်စမ်း သူ့ရင်အုပ်ကြီးက တောင့်တင်းခိုင်မာနေတာပဲ..။ သံနဲ့ လုပ်ထားတာလားတောင် မသိဘူး..။ နှိပ်ကြည့်ဦးမှ..။

"လျှောက်မဆော့နဲ့"

ဆော့ပါဘူး..။ ငါက ကလေးလား..။ ဒါပေမယ့် တညလုံး သိုးနေအောင် အိပ်ရတာ ညောင်းနေပြီကွာ..။ ငါ ထချင်ပြီ..။

ရှောင်းကျန့်က ကိုယ်လေးကို အနည်းငယ် လှုပ်လိုက်သည်..။ ဝမ်ရိပေါ်က သူ့ကိုယ်လေးကို တင်းတင်းဆွဲဖက်လိုက်ရင်း..

"ပြန်အိပ်ဦး"

အမယ်.. ဖင်လေးတောင် ပုတ်ပြီး သိပ်လိုက်သေး..။ ဖင်လေးကို ဖွဖွလေး အရိုက်ခံရတာလဲ ဇိမ်ရှိသားပဲနော်..။ အိပ်တောင် ပြန်အိပ်ချင်လာပြီ.. ဝှါး...

***

ရှောင်းကျန့် နောက်တခါ နိုးလာတော့ နေမြင့်နေပြီ..။ ဘေးနားမှာ ဝမ်ရိပေါ်က မရှိတော့..။ ဘယ်ရောက်သွားတာလဲ မသိဘူး..။ သူ မျက်နှာသစ်ပြီး အပြင်ကို ပျင်းပျင်းရိရိဖြင့် ထွက်လာခဲ့သည်..။

"အရှင့်သား ကျွန်တော်မျိုး သေသင့်ပါတယ်"

ဟဲ့ ပလုတ်တုတ်..။ ရုတ်တရက်ကြီး ဘာဖြစ်တာတုန်း..။ အသံက အောက်ကလာတာ..။ သူငုံ့ကြည့်လိုက်တော့ လုံအယ်မြို့စားက သူ့ရှေ့မှာ ဒူးထောက်လျက်သား..။ မျက်တွင်းဟောက်ပက်လေးနှင့်..။

အတိတ်ကို ပြန်​ရောက်သွား​ပေမယ့် ​ရှောင်​ရှောင်းကျန့်​လေးကမ​ကွေးဘူးWhere stories live. Discover now