ရှောင်းကျန့်တို့ ထွက်ခွာရန် ပြင်ဆင်နေကြသည်..။ နှစ်ရက် သုံးရက် စောင့်ကြည့်သော်လည်း မြို့စားမင်းက ဘာမှ ထူးထူးခြားခြား လှုပ်ရှားမှုမရှိ..။ ဝမ်ရိပေါ်က သူတို့ ပြန်မယ်ဆိုတော့မှ မြို့စားက လှုပ်ရှားမည်ဟု ထင်သည်..။ ထို့ကြောင့် ထွက်ခွာတော့မည်ဟု လေသံ ပစ်လိုက်ခြင်း..။
"ဒီအတောအတွင်း မြို့စားမင်းရဲ့ ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ်.. ကျွန်တော်တို့လည်း အလုပ်ကိစ္စလေးတွေ ရှိသေးတာမို့ ဒီ့ထက်ပို မနှောင့်ယှက်တော့ဘူး"
"ဟာ.. ဒါတော့ နှောင့်ယှက်တယ်လို့ ဘယ်ခေါ်ပါ့မလဲ.. ဒီလောက် လက်ဆောင်တွေ ပေးထားတာနဲ့တောင် မကျေသေးပါဘူး"
"မြို့စားမင်းက အားနာနေပြန်ပါပြီ.. "
"ဒီလိုလုပ်ပါလား.. နေ့လည်စာ တနပ် ကျွေးပါရစေ.. မနက်ဖြန်မှ ဖြစ်ဖြစ် ညနေမှ ဖြစ်ဖြစ်ပြန်လေ.."
ဝမ်ရိပေါ်က စဉ်းစားဟန်ပြုရင်း..
"အင်း.. လမ်းမှာလည်း ဆိုင်ကောင်းကောင်းမရှိတော့ မြို့စားမင်းကိုပဲ အားနာနာနဲ့ ဒုက္ခပေးရတော့မှာပဲ.. ဒါပေမယ့် ကျွန်တော့် အစ်ကိုကတော့ ဗိုက်နာနေလို့ စားနိုင်မှာ မဟုတ်ဘူး .. သူ့အတွက် ကျွန်တော် ဆန်ပြုတ်လေးပဲ ဝယ်ထားပေးထားတယ်"
ဘာ.. ငါက ဘယ်တုန်းက ဗိုက်နာလို့လဲ.. စားနိုင်တယ်.. စားနိုင်တယ်လို့...
ရှောင်းကျန့် ဖြတ်ပြောမည်ပြုစဉ် ဝမ်ရိပေါ်က မျက်နှာရိပ် မျက်နှာကဲ ပြကာ တားလိုက်သည်..။
ဟွန့် .. သူများစားတာသောက်တာကို ပိတ်ပင်ရင် ပြိတ္တာဖြစ်တတ်တယ်တဲ့.. မင်းလို နှလုံးသား မရှိတဲ့သူ...။
"ကောင်းပါပြီ.. ဒါဆို အားလုံးအတွက် ဧည့်ခံကျွေးမွေးဖို့ ပြင်ဆင်လိုက်ပါဦးမယ်"
လန်ပေါမြို့စား ထွက်သွားသည်နှင့် ရှောင်းကျန့်တို့ စိတ်ကောက်တော့သည်..။
"သွား.. ငါ့ကို အလှူ့လက်ဖက်တောင် မသဒ္ဓါတဲ့ကောင်"
"ကျန့်ကောကလည်းဗျာ.. ကျွန်တော် ရှင်းပြတာ နားထောင်ပါဦး"
"မသိဘူး.. မသိဘူး.. ဘာမှလာမပြောနဲ့"
ဝမ်ရိပေါ်က သူ့ကို ထုနေသော ရှောင်းကျန့်လက်များကို ဆွဲချုပ်လိုက်ပြီး ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်..။
![](https://img.wattpad.com/cover/354924805-288-k282328.jpg)
YOU ARE READING
အတိတ်ကို ပြန်ရောက်သွားပေမယ့် ရှောင်ရှောင်းကျန့်လေးကမကွေးဘူး
Fanfictionမင်းတို့ စဥ်းစားကြည့် BL ဖတ်တဲ့သူတိုင်း ကွေးလို့လား... မင်းတို့ကော ကွေးလို့လား.. ငါလည်း မကွေးဘူးကွ.. ဖြောင့်လိုက်တာမှ ဓါတ်တိုင်ကြီးအတိုင်းပဲ..