Part - 21 (Final)

4.3K 250 96
                                    

"ရှီးပေနယ်စားက နာမည်ဂုဏ်သတင်းနဲ့ လိုက်အာင် ထက်မြက်ပါပေတယ်.. ငါကိုယ်တော်ကိုတောင် လှည့်စားနိုင်တယ်"

နောက်တ‌နေ့မနက် မနက်စာစားနေစဉ် ရှောင်းမင်းကြီးက ခနဲ့သည်..။

ဒါပေါ့.. ယောက္ခမကြီးက သားတူအဖေပဲဟာ..

အဲ့လိုများ သွားပြောကြည့်ပါလား.. ချက်ချင်းခါင်းဖြတ်ခံရလိမ့်မယ်..။

"ကျွန်တော်မျိုး မခံယူဝံ့ပါဘူး.. အရှင်မင်းကြီးက အိမ်ရှေ့စံကို ယုံကြည်မှု များသွားလို့ပါ"

"သား‌‌တော် ပြောစကားကို အဆုံးထိ နားထာင်ရင် ခမည်းတော် ဒီလို ဖြစ်မှာမဟုတ်ဘူး.. သားတော်က အပေါ်__"

"တော်.. တိတ်.. ရှောင်ရှောင်းကျန့်... အပေါ် ဆိုတဲ့စကားလုံးကော အောက်ဆိုတဲ့ စကားလုံးကော ဘာဆိုဘာမှ မကြားချင်တော့ဘူး.."

ရှောင်းကျန့်က နှုတ်ခမ်းလေးစူပြီး တိတ်သွားသည်..။ ရှောင်းမင်းကြီးက ဇွဲမလျှော့သေး..။

"လင်နဲ့မယားဆိုတာ လျှာနဲ့သွားဆိုပေမယ့် လင်နဲ့လင်ကတော့ လျှာနဲ့သွား မဟုတ်တော့ဘူး.. သွားသွားချင်း ဖြစ်ကုန်ကြပြီ.. တခါတလေ အောက်သွားနာရင် အပေါ်သွားနဲ့ ဝါးပေါ့ကွယ်.."

သူ့သားကိုလဲ အလှည့်ပေးဖို့ မင်းမိန့်အာဏာနှင့် ဝင်စွက်ဖက်ခြင်း..။ သူ့သားကတော့ အရိပ်အကဲ မသိရှာ..။

"လင်နဲ့လင်က လျှာနဲ့လျှာလည်း ဖြစ်နိုင်တာပဲ.. လျှာလျှာချင်းဆို ဘာပြဿနာမှ မရှိတော့ဘူး.. တခါတလေ ရိပေါ်ဆိုရင် သား လျှာကို__"

"ရှောင်ရှောင်းကျန့်!! မင်းပါးစပ်ပိတ်မလား.. ငါ ပိတ်ပေးရမလား"

"ဟွန့်"

"အဲ.. ခုနက ပြောတာ ဘယ်ရောက်သွားပါလိမ့်"

ဝမ်ရိပေါ်က ဝင်ပြောသည်..။

"စိတ်မပူပါနဲ့ အရှင်မင်းကြီး.. အတူရှိနေမယ့်သူက ကျန့်ကောသာဆိုရင် ကျွန်တော်က ဘယ်နေရာနေရရ ကိစ္စမရှိပါဘူး"

စောင်ပိုတွေ ပြောပြန်ပြီ..။ မင်း အရင်ကလည်း ငါ့ကို ဒီလို မလိမ့်တပတ်တွေ ပြောခဲ့တာပဲ..။

သို့ရာတွင် ရှောင်းကျန့်ကတော့ ဟာ့ထိသွားသည်..။

"ကျွန်တာ်လည်း ရိပေါ်နဲ့သာဆိုရင် ဘယ်နေရာနေရနေရ ကိစ္စမရှိပါဘူး.. ပြီးတော့ ကျွန်တာ့်ဗလလေးနဲ့ ပင်ပန်းတဲ့ ကိစ္စတွေ မလုပ်ချင်တော့ပါဘူး .. ဒီအတိုင်းလေးပဲ ကောင်းပါတယ်.. ခမည်းတော် အစိုးရိမ်လွန်မနေပါနဲ့"

အတိတ်ကို ပြန်​ရောက်သွား​ပေမယ့် ​ရှောင်​ရှောင်းကျန့်​လေးကမ​ကွေးဘူးWhere stories live. Discover now