Part - 10

4.3K 281 90
                                    

"အား...."

ကြည့်စမ်း.. ငါတို့ ခေါင်းဆောင် စွမ်းအားကြီးလိုက်တာ ဟိုအလှလေး အသံကုန် အော်နေရပြီ ဟီဟိ..။

တောက်.. မီးမှိန်‌နေတာ နာတာပဲကွာ.. ဘာမှ ကောင်းကောင်း မမြင်ရဘူး.. ခေါင်းဆောင် အားကြိုးမာန်တက် လှုပ်ရှားနေတာပဲ မြင်ရတယ်..။

ထိုစဉ် သူ့ပခုံးကို တယောက်ယောက်က လာပုတ်သည်..။

"အသာ ငြိမ်နေစမ်းပါ.. ကောင်းခန်းရောက်နေပြီကွ"

နောက်တချက် လာပုတ်သည်..။

"နေစမ်းပါဆိုကွာ"

နောက်တချက်..။

"မင်း ဘယ်လိုဖြစ်နေ.. ဟင်.. အား....."

သူ့နောက်မှာ ရပ်နေသည်က ဓားကိုင်ထားသော တပ်သားများ..။ အား.. ဟူသော အော်သံတောင် မဆုံးလိုက် သူ့ခေါင်းပြတ်သွားသည်..။ ကျန်သူများမှာလည်း ရုတ်တရက် ဘယ်လိုမှ မခုခံလိုက်နိုင်..။ သေသူသေပြီး ဒဏ်ရာရသူ ရကုန်ကြသည်..။ စခန်းတခုလုံး ဝရုန်းသုန်းကား..။ အမျိုးသမီးတွေက ကြောက်လန့်တကြား အော်ဟစ်ငိုယိုနေကြသည်..။

"ခေါင်းဆောင်.. ကျွန်တော်တို့ကို ကယ်ပါဦး.. ခေါင်းဆောင်!!"

"မင်းတို့ ခေါင်းဆောင်က ငရဲပြည်အရင် သွားနှင့်ပြီ.. လိုက်သွားတော့"

***

ထိုစဉ် ရွက်ဖျင်တဲ အတွင်းဝယ်..

"အား......"

ဝမ်ရိပေါ်.. အရူးကောင်.. သူ့ပခုံးကို ပေါက်အောင်ကိုက်တယ်...

ပြီးတော့ သူ့အပေါ် အုပ်မိုးပြီး ဆက်ဆံနေသလိုမျိုး လုပ်သေးတယ်..။

"မင်း.. မင်း..."

"ရှူး.. ခဏနေရင် ကျွန်တော်တို့ လူတွေ ရောက်တော့မှာ"

မကြာ.. တဲအပြင်မှ အော်သံများနှင့် ဆူညံသံများ ထွက်လာသည်..။ ‌ထို့နောက် ပြေးလွှားရုန်းကန်သံများ..။ ရှောင်းကျန့် ထရန် ပြင်လိုက်တော့ သူ့အပေါ်က ဝမ်ရိပေါ်နှင့် ပူးကပ်သွားသည်..။

ငိုး.. ဒီကောင် တကယ် မာနေတာပဲ..။

ရှောင်းကျန့် မျက်နှာလေးက ဖြန်းကနဲ ရှက်သွေးရဲသွားသည်..။

အတိတ်ကို ပြန်​ရောက်သွား​ပေမယ့် ​ရှောင်​ရှောင်းကျန့်​လေးကမ​ကွေးဘူးWhere stories live. Discover now