"ကျန့်ကော ဆပ်ပြာတိုက်ပေးဦး"
ဝမ်ရိပေါ်တို့ကတော့ အငြိမ်ပဲ..။ လက်ဒဏ်ရာ အကြောင်းပြုပြီး ရှောင်းကျန့်ကို အသားယူနေတာ..။ ရေချိုးတဲ့အချိန် ကျန့်ကောရဲ့ လက်ဖဝါးနုနုလေးက ကျောပြင်ကို ပွတ်တိုက်သွားတဲ့ ခံစားချက်ကလေ ဘယ်လိုပြောရမလဲဆိုတော့.. အင်း.. ငါလည်း မပြောတတ်ဘူး..။ ဒီတိုင်း ကဗျာမပီ စာမမှီတဲ့ ခံစားချက်လို့ပဲ မှတ်ထားလိုက်ကွာ..။
"ကျန့်ကော ခါးစည်းကြိုးချည်ပေးဦး"
ကျန့်ကောရှေ့မှာ ငါ့ရဲ့ တောင့်တင်းခိုင်မာလှတဲ့ ရင်အုပ်ကို ပေါ်လွင်အောင် ရင်ကော့ပြီး ခါးစည်းကြိုးချည်ခိုင်းရတာ..။ ကျန့်ကောဆို ခေါင်းငုံ့ပြီး ချည်ပေးနေပေမယ့် ပါးလေးကို ရဲနေတာပဲ..။ ငါ့ရင်အုပ်ကြီးထဲမှာ ခေါင်းလေးဝှေ့ပြီး နေချင်နေတာ နေမှာပေါ့..။
"ကျန့်ကော.. အာ..."
ထမင်းစားရင်လည်း ကျန့်ကော ခွံ့ကျွေးမှ စားတာ..။ သာမန်စားတဲ့ ထမင်းနဲ့ သူများခွံ့ကျွေးတဲ့ ထမင်းက အရသာကို မတူတာ..။ ဒါတွေကို ငါ့သက်တော်စောင့်တွေ နားမလည်ဘူး..။ ငါ့ကို ကြည့်လိုက်တာများ မျက်လုံးပြူးကြီးနဲ့..။
သက်တော်စောင့်များ : နယ်စားမင်း.. ယုတ္တိမရှိဘူးလေဗျာ..။ အဲ့ဒီလက်ကြီးနဲ့ ကြင်ယာတော်ကို တလမ်းလုံး ပွေ့လာခဲ့ပြီး ခုမှ သာမန်အလုပ်လေးတွေတောင် မလုပ်နိုင်ဘူးဆို ဘယ်သူက ယုံမှာလဲ..။
ရှောင်းကျန့် : ဝမ်ရိပေါ်ဆိုတဲ့ကောင် ငါ့ကို အငြိုးနဲ့ ခိုင်းနေတာပဲ..။ အိမ်သာတက်ရင်း အီးမကုန်းခိုင်းတာတောင် တော်သေးတယ် မှတ်ရမယ်..။
နောက်ဆုံးတော့ ရိပေါ်လက်က ဒဏ်ရာလဲ ပျောက်သွားမှ ဒီကိစ္စတွေက တခန်းရပ်သွားတော့သည်..။
"ရိပေါ် ရောက်တော့မှာလား"
"အင်း.. ရှေ့မှာ လုံအယ်မြို့ပဲ.. လုံအယ်မြို့က ရှီးပေနယ် အဝင်ပဲ.. လုံအယ်မြို့ဟိုဘက်က လုံအယ်မြစ်ကို ဖြတ်ပြီးရင် ရှီးပေနယ်ရဲ့ မြို့တော် ရှီးပေမြို့ကို ရောက်ပြီ"
ဪ.. ရောက်တောင်ရောက်တော့မှာပဲ..။ ရှောင်းကျန့်စိတ်ထဲ ဘာလိုလို..။ ရှီးပေထိ လဲ့အာကို လိုက်ပို့ပြီးရင် သူ နန်းမြို့တော်ပြန်ပြီး မိဘတွေနှင့် ဆုံရတော့မည်..။ တဖက်ကကြည့်ရင်လည်း ဝမ်ရိပေါ်နှင့် ခွဲရတော့မည်..။
![](https://img.wattpad.com/cover/354924805-288-k282328.jpg)
YOU ARE READING
အတိတ်ကို ပြန်ရောက်သွားပေမယ့် ရှောင်ရှောင်းကျန့်လေးကမကွေးဘူး
Fanfictionမင်းတို့ စဥ်းစားကြည့် BL ဖတ်တဲ့သူတိုင်း ကွေးလို့လား... မင်းတို့ကော ကွေးလို့လား.. ငါလည်း မကွေးဘူးကွ.. ဖြောင့်လိုက်တာမှ ဓါတ်တိုင်ကြီးအတိုင်းပဲ..